ချေ နဲ့ ခြေ

ကွန်မင့်မှာ မေးတာတခု အခုပဲ တက်လာတယ်။ နားမလည်။

ချေတလုံမလက်မောင်နစ်ထက်မာ

အတော်စဉ်းစာတော့ ခြေသလုံးလို့ ပြောချင်ပုံရတယ်။ အရင်ကမေးလို့ ခြေ နဲ့ ချေကို ရေးထားပါတယ်။

အခြေအတင်နဲ့ အချေအတင် ဘယ်ဟာမှန်ပါသလဲဆရာ။ ပုံနှိပ်တွေမှာ အမျိုးမျိုးတွေ့နေရလို့ပါ။

အချေအတင်က မှန်တယ်။

ချေ
ကချေသည်
ထုချေသည်
မချေမငံ
မျက်ခြေပြတ်
ပြုမူချေ
လာချပါ
သင်ပုန်းချေ
သွားချေပါ
အချေအတင်
ချေချွတ်သည်
ချေငံသည်
ချေဆတ်သည်
ချေဆိုချက်
ချေတိရစ္ဆာန်
ချေပသည်
ချေဖျက်သည်
ချေမွသည်
ချေမှုန်းသည်
ချေသငယ်
ချေချေငံငံ
ပြောချေပါ
နှုတ်ချေ
နှာချေ (နှာစေး)

ခြေ
စကားဆင်ခြေ
ဆင်ခြေဖုံး
ကြက်ခြေခတ်
ဗိုလ်ခြေ
မြို့ရွာခြေ
သည်းခြေ
အိမ်ခြေပေါင်း
အခြေအမြစ်
တောင်ခြေရင်း
ကြေအောင်ခြေပါ
ခြေကုန်လက်ပန်းကျ
ခြေကုပ်စခန်း
ခြေကျင်လျှောက်
ခြေကျဉ်
ခြေခုံလက်ခုံ
ခြေချွတ်လက်ချွတ်
ခြေချင်းဝတ် (ခြေချဉ်းဝတ်)
ခြေချုပ်မိ
ခြေစုံရပ်
ခြေစွပ်ငုပ်
ခြေဆံလက်ဆံ
ခြေဆုပ်လက်နယ်
ခြေတိုင်နာ
ခြေပစ်လက်ပစ်
ခြေပွတ်တိုင်လည်
ခြေပုန်းခုတ်
ခြေဖဝါးလက်ဖဝါး
ခြေမျက်စိ
ခြေမွှ
ခြေလက်အင်္ဂါ
ခြေလွန်လက်လွန်
ခြေလျင်တပ်
ခြေသည်းလက်သည်း
ခြေသည်သူရဲ
ခြေသပွတ်လိုက်
ခြေသလုံး
ခြေသုတ်ဖုံ
ခြေအိတ်
ခြေချောင်းလက်ချောင်း
ခြေထောက်
ခြေခြေမြစ်မြစ်

ကချေသည် ခင်ညွန့်ရီ https://www.youtube.com/watch?v=i62SH9uJnas

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး