မရန်း နှင့် မရမ်း

၁။ မေးနည်း စီကမ်းတော့ သိပါတယ်ဆရာ။ ကျွန်တော် ဖုန်းက အီးမေးလ် သုံးရတာ အစဉ်မပြေလို့ပါ။ ရမ်း နဲ့ ရန်း အသုံးပြု ပုံလေး သိချင်တယ် ကျေးဇူးပါဆရာ။

မေးခွန်းကိုအရင် သတ်ပုံပြင်ပါရစေ။ စည်းကမ်းလို့ ရေးရတယ်။ အဆင်မပြေလို့ ရေးရမယ်။

၂။ ဆရာခင်ဗျား မရန်း လား မရမ်း လား သိချင်ပါတယ်။ ကျနော်တို့ သိထားတာက မရမ်းရောင်၊ မရမ်းသီး။

၃။ မရန်းဖက်၍မှာ မရန်းသတ်ပုံ မှားနေပါတယ်။

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊့ ရှင်ဥတ္တမကျော် တောလားကို ထောက်ပြတာဖြစ်ပါတယ်။

ရှင်ဥတ္တမကျော် သတ်ပုံ မမှားပါ။

ရန်း
ကုလားနရန်း
ကျီးရန်းပြာသာဒ်
ခါးရန်းကြိုး
ခါးရန်းသီး
စက်နရန်း
စတုရန်း
ဆင်ကပ်လက်ရန်း
တြိရန်း
မရန်းပင်
မရန်းသီး
မရန်းရောင်
ခြံစောင့်ရန်း
ရန်း = အရောင်
ရန်းတား = ကာဆီးစောင့်ရှောက်ထားခြင်း
လှည်းစွယ်ရန်း
သက်တင်ရန်း
အရန်းအတား
အိမ်လက်ရန်း
ခေါင်ရန်းပန်း

ရမ်း
ကိုယ်လက်ရောင်ရမ်း
ခရမ်းကစော့ (ကဆော့) သီး
ခရမ်းခါးသီး
ခရမ်းချဉ်ပင်
ခရမ်းပင်
ခရမ်းကြွပ်ပင်
ခရမ်းသီး
ခရမ်းရောင်
ပရမ်းပတာ
ရမ်းကား = စော်ကားသည်
ရမ်းကားသူ
ရမ်းဆ
ရမ်းတုတ်
ရမ်းဗြဲကျွန်း
ရမ်းရမ်း = အားရနှစ်သက်သည်
ရမ်းရမ်းမို့မို့
ရမ်းရမ်းလွေ့ = များသည်
ရမ်းသန်းပြော
ရမ်းရော်
ရွှင်အားရမ်း
လူသရမ်း
သမိန်ပရမ်း
အရမ်း = အလွန်အကဲ (ခေတ်သုံး)
ညောင်ရမ်းမြို့
ပေါရမ်း = မြှော်ရမ်းသည်
ရော်ရမ်းမှန်းဆ
ဟော့ဟော့ရမ်းရမ်း

ခုခေတ်မှာ မြန်မာစာ ဘယ်လောက်အထိဆိုးလာသလဲဆိုရင် အရင်က အများညီ ဤ ကျွဲဖတ်လို့ရှိတဲ့တာ အခုတော့ အများညီ ကျွဲ ဤဖတ်ဖြစ်နေပြီ။ မြန်မာစာ အနော်ရထာလို ကျွဲခတ်ခံလိုက်ရတယ်။

ဆရာဝန်တွေကတော့ ကျွဲခတ်ခံရခံရ၊ ဆင်ဖြူတော်နင်းခံရခံရ၊ ခြင်္သေ့ကိုက်ခံရခံ ဆေးကုပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး