မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, December 20, 2016

မြီး နဲ့ မြည်း

ကျွန်တော့်ပို့စ်တခု = ဒီအရပ်မှာ စဥ့်အိုး မရှိ၊ ရှင့်လေးတွေကတော့ အမြီးဖားဖားနဲ့ လူအနားထိလာကြတယ်။

ကွန်မင့်တခု = ဒီအရပ်မှာ စဥ့်အိုး မရှိ| ရှဥ့်လေးတွေကကတော့ အမြှီးတဖားဖားနဲ့ လူအနားအထိ လာကြတယ် အမှားပါလျှင် ခွင့်လွှတ်ပါဆရာ

မြှီးဆိုတာ မြန်မာစာမှာ မရှိပါ။

မြီး
ကျားမြီးဆွဲ
ဆင်မြီးဆွဲမြို့
မြီးစွပ်နွား
မြီးဆံ
မြီးညှပ်ကောင်
မြီးကောင်ပေါက်အရွယ်
မြီးညှောင့်ကောင်
မြီးရှေမုန့်
မြင်းမြီး
မြီးဆံဖါးဖါး
မြီးတုံး (မြီးဒုံး၊ မီးတုံး) စပါး
မြီးညောင်း (မြီးညှောင့်) ရိုး
သားမြီးယပ်
ကြောင်ကြီးရဲ့ မြီးတံတို

မြည်း
မြည်းတကောင်
ဟင်းဆားမြည်းပါ
မြည်းကြည့်မှသိမယ်

မြည်းတကောင်နဲ့ သားအဖနှစ်ယောက် The Father, his Son, & their Horse https://www.youtube.com/watch?v=1Ozra8QBoc8

ဒေါက်တာတင့်ဆွေ
၂ဝ-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.