မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, January 12, 2017

နဲ့ နှင့်

၁။ San Myint Htay ဆရာ  နဲ့ အသုံး နှင့် အသုံးလေးလည်း သိပါရစေရှင့်

၂။ Dáńyáwáddy Sóe Hláíńg နဲ့ နှင့် တင်ပေးပါဆရာ။

နဲ့
ခနဲ့
ချည်နဲ့
ချိနဲ့
စုန့်နဲ့ (ကနွဲ့ကရ)
တိုင်နဲ့နေသည်
လှုပ်တိုင်းနဲ့
သွားနဲ့နေသည်
တောင်ကန် မြောက်ကန်နဲ့
ထော့နဲ့ထော့နဲ့ သွားနေသည်
နုန့်နုန့်နဲ့နဲ့

နှင့်
တုတ်နှင့် ရိုက်သည်
လှည်းနှင့် သွားသည်
သွားနှင့်ပြီ
သူမလာသည်နှင့် ပြန်သွားသည်
အပေါ်ထပ်နှင့် အောက်ထပ် ဇာတ်လမ်း
မောင်ဘနှင့် မောင်လှ
သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း

စာကို စကားပြောသလိုရေးနည်းမှာ နှင့် အစား နဲ့ လို့လည်းရေးကြတယ်။ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင်သွားမယ်ကွာ။ သီချင်းမှာ သူနဲ့သာဆိုရင့့်

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.