စို နဲ့ ဆို

၁။ ဒါစို ဘယ်သွေးအားတိုးဆေးသောက်ရင် အဆင်ပြေမလဲ

၂။ သမီးသားလေးက ခုစိုတတန်းတက်နေတာပါ သူများကလေးတေ တတန်းစို ငယ်သွားလဲနေပြီ့

အဲတာတွေက နမူနာ။ စို နဲ့ ဆို မှားရေးမေးသူတွေက တပုံတခေါင်း။

စို
စိမ်းလန်းစိုပြေ
စိုစွတ်သည်
စိုစိုပြည်ပြည်
စိုစိုပြေပြေ
စိုရွှဲနေသည်
ရွှန်းရွှန်းစိုစို
အရောင်စိုသည်
ရေစိုနေသည်
မိုးစိုနေသည်

ဆို
စာဆိုတော်နေ့
ဆိုရှယ်လစ်စနစ်
ဝါဆိုလ
သီချင်းဆိုသည်
အဆိုတင်သွင်း
အဆိုအမိန့်
ပြောဆိုသည်
ပြောပြောဆိုဆို
ဆိုကြပါစို့ ခွဲရသည်က ခဏတာ
ဆိုပါအုန်း ဘာကိစ္စလဲ
သူဆိုရင် သိပ်တော်တာပဲ

မိုးစိုစိုမှာ သီချင်းဆိုနေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး