တရ် သို့မဟုတ် ကုလားသံ

၁။ ဆရာခများ ကျနော် အသက် ၂၅ ပါ တာချီလိပ်မှာနေပါတရ် ကျနော် ငယ်ငယ်က နှလုံးသွေးကြောကျဉ်း ရှိပါတရ်
့။ ကျနော့် အနေနဲ့ ဘယ်လိုဆေးခန်း ဘယ်လိုဆရာဝန် ပြသင့်ပါသလဲဗျ မှားတာရှိရင် အနူးညွန်တောင်ပန်ပါတရ် အဖြေလေးတော့ ကျနော်မျှော်နေပါတရ် ဆရာခများ

တရ်လို့ရေးကြတာကို ၃-၄ ခါရေးထားပြီး။ ရောဂါသိလိုရင် ဘလော့မှာ ဖတ်ပါရန်။

ဟု ဆရာ ကျနော် မမြင်လို့ ပါ ဗျ တောင်ပန်ပါ တရ် ဆရာ

2. Psorasis လို့ ထင်ပါတရ် အ‌ရေပြားဆရာဝန်‌ပြကြည့်‌ဘူးပါတရ် အပူနာလို့ပဲ‌ပြောပါတရ်ဆရာ နှစ်ချီ‌နေပါပြီ။ ‌ဆေးလိမ်းလည်း ခဏပဲ‌ပျောက်ပါတရ် အဲဒါ သမီး‌ရောဂါက ဘာ‌ဆေးလိမ်းရင် ဘာ‌ဆေး‌သောက်ရင် ပျောက်နိုင်မလဲ ဘာ‌တွေ‌ရှောင်ပြီး ဘာ‌တွေစားရမလဲ သိချင်ပါတရ်ဆရာ ကျေးဇူးအများကြီးတင်ပါတရ်
3. ဆရာ သမီးအသက် က ၂၇ ထဲမာပါဆရာ။ အိမ်ထောင်သက် ၂နှစ် ပြည့်တော့မရ်။ အခု ကလေး လိုချင်လို့ပါဆရာ။ ရာသီကလည်း မမှန်။ ရက်ရှောင်နည်းတွေနဲ့ တူတူနေပါတရ်။ အခု ရာသီမလာတာ ၃ လ ပြည့်တော့မရ်။ သူများပြောတာတော့ ရာသီမှန်မ ကလေးရနိုင်တရ်ပြောလို့ ပါရှင့်။ အမှားပါရင် ကတော့ပါရှင့်။ ကျေးဇူးတင်ပါတရ်။ marvelon 28 သောက်ဖူးတရ်ရှင့်။
4. ဆရာမင်္ဂလာပါ သမီးအသက်က ၂၅ပါ အိမ်ထောင်ကျတာ ၄နှစ်ရှိပါပီ သမီးလေးတယောက်ရှိပါတရ် ၁၃.၇.၂၀၁၇ ထဲက တားဆေးမထိုးပဲ ဒီတိုင်းထားလိုက်တာ ပြောရရင် အပျင်းတစ်ပီး သွားမထိုးပဲ ထားလိုက်တာ ခုဆို ၇လပိုင်းက ဓမ္မတာ မလာတာ ခုထိပါပဲ လာရင်လဲ နည်းနည်းလေးပဲလာပီ မဲမဲတွေပဲလာတရ် ဆီးစစ်တာလဲ ကိုယ်ဝန်မရှိပါဘူး ခုဆို ဓမ္မတာ မလာတာ ၄လရှိပါပီ ခါးတွေလဲ အရမ်းကိုက်ပါတရ် သမီးဘာလုပ်ရမလဲ ဖြေပေးပါနော်
5. ဆရာရှင့် ကျွန်မ အသက် ၂၉ နှစ်ပါ။ အိမ်ထောင်ကျပြီးပါပြီ။ ၆ လလောက်ရှိပါပြီ။ ကလေးလိုချင်လို့ပါ။ အခု ညာဘက် အောက်နားက အောင့်အောင့်နေပါတရ်။ ကျောဘက်နားတွေလဲ အောင့်အောင့်နေပါတရ်။ ရာသီလာထားပါတရ်ဆရာ။ တားဆေးကဘာမှမသောက်ပါဘူး။ ဆရာဝန်လဲမပြပါဘူး။ လတိုင်းတော့ ရာသီလာပါတရ်။
6. သမီးလဲ အာ့လိုရောဂါမျိုးဖြစ်နေတရ်ထင်တရ်ဆရာ အမြင်အာရုံတွေလျှော့နည်းလာတရ် ခေါင်း တအား ကိုက်လာရင် ခေါင်းကိုအဝတ်စည်းထားမှနေနိုင်တရ် မှတ်ဥာဏ်တွေကတော်တော်လျှော့လာတရ်ဆရာ ဘရ်အရာကိုမှမမှတ်မိတာ များတရ် စာတွေကျတ်ရင်ခေါင်းကိုက်တရ် ပြီးခေါင်းထဲကအသံတွေပါမြည်တရ်ဆရာ ဖျောက်ဖျောက်နဲ့ ဘေးက လူနားခေါင်လို့ရတရ်ဆရာ 😫
7. ဟုတ်ကဲ့ဘာဆရာ။ ဆရာရေးသမျှ post တွေကို ဗဟုသုတအနေနဲ့အမြဲဖတ်ဖြစ်ပါတရ်... ဆရာ မသိဖူးတာတွေလည်းအများကြီးသိလာရပါတရ်
8. ကျေးဇူးတင်ပါတရ် ဆရာ ဆရာ့စာတွေ ဖတ်ရတာ သိချင်တာတွေရော မသိသေးတာတွေပါ သိရပါတရ် ဆရာကျန်းမာပါစေ။

မြန်မာစာမှာ တရ်လို့ရေးတာ မရှိပါ။ ဘရ်လို့လည်း မရှိပါ။ တယ်လို့သာရေးပြီး ဒယ်သံထွက်တယ်။

ရ်
မာရ်နတ်၊
မထေရ်၊
ယုဂန္ဓိုရ်တောင်
မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရှေးကရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
ဝိဇ္ဇာဓိုရ်၊
အဂ္ဂင်္ုတ္ထိုရ်
သောနုတ္ထိုရ်၊

တယ်
ခါတယ်
ချိုးတယ်
ချိုတယ်လူးနွား
တင့်တယ်လျောက်ပတ်
တယ်တိန်ညင်
တယ်ကြက်
တယ်လီဖုန်း
တယ်ကောင်းပါလား
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်

တရ်လို့ရေးတာ မရှိပါ။ ဘရ်လို့လည်း မရှိပါ။ ဟုတ်ကဲ့ပါလို့သာရေးရတယ်။ အပျင်းတစ်ပီးဆိုတာ နားမလည်ပါ။ ရ် ဆိုတာ ကုလားသံ။ သတ်ပုံကို တမင်ဖျက်ရေးနည်းကို သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်းတွေအချင်ချင်းသာ ရေးလိုရင် ရေးကြပါ။ ဆရာဝန်ဆီတော့ ဆောရီး။ ကျွန်တော့်ကို အိန္ဒိယမှာ မိတ်ဆက်ပေးရင် ဒေါက်တားရ်လို့ ပြောကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး