လယ် လည် လဲ လည်း

မင်္ဂလာပါဆရာ။ ဆားလင်းကြီးမြို့နယ် ကျေးပင်ထူးရွာကပါ။ ဆောင်းပါးတွေ ဝတ္ထုတွေမှာ နေ့လည်စာနှင့် နေ့လယ်စာ နှစ်မျိုးလုံး သုံးထားတာတွေ့ရတယ်ဆရာ။ English -Myanmar Dictionary ထဲမှာတောင် နေ့လည်စာရော နေ့လယ်စာပါ ရေးထားတာတွေ့ရတယ်ဆရာ။ ဘယ်ဟာက အမှန်လဲဆိုတာ အများသိစေရန် ရှင်းပြပေးပါဆရာ။

နေ့လယ်စာကို အလည်သွားရင်း စားခဲ့တယ်။

လယ်
ကလယ်လူမျိုး
တစလယ် (၂ လမြူ = တလမြက်၊ ၂ လမြက် = တစလယ်၊ ၂ စလယ် = တခွက်၊ ၂ ခွက် = တပြည်)
ပင်လယ်ကသစ်ပင်
ဖလယ်
ဗဟိုအလယ်
မွမ်းမံချယ်လယ်
မြစ်ပင်လယ်
လယ်ကိုင်းစား
လယ်ခွန်ယာနက်
လယ်တမန်းကျမ်း၊
လယ်တီ၊
လယ်ပတူပင်
လယ်ဗုစွန် (ယခင်သုံး)
လယ်ယာကိုင်းကျွန်း
လယ်ယာလုပ်ငန်း
လယ်သူမ
လယ်ကော
လယ်သောက်ကန်
အလယ်လတ်
နေ့လယ်ခင်း
နေ့လယ်စာ
အောင်ပင်လယ်

လည်
စိန်လည်တုန်
လည်ကပ်တန်ဆာ
လည်ကုပ်
လည်ချိုင့်
လည်စင်းခံ၊
လည်စည်း
လည်ဆံမွေး
လည်ညှပ်တိုင်(တံခွန်တိုင်)
လည်တံ
လည်ပင်း
လည်ပတ်
လည်မျို
လည်ပြန်ကြည့်၊
လည်လည်ပတ်ပတ်
လည်လည်ဝယ်ဝယ်
လည်ချောင်း
လည်စေ့

လဲ
ပင်းတလဲမြို့၊
ပုလဲမြို့၊
ပုလဲရတနာ၊
ဖက်လဲတကင်း၊
ဘာကိုလွမ်းနေသလဲ၊
လှဲ၍လဲသွားသည်
လဲချားမြို့၊
လဲမှို့၊
လဲလှယ်သည်၊
လဲဝါ၊
လဲအုံပင်၊
လဲမွေ့ရာ၊
လဲလျောင်းနေသည်
သစ်ပင်လဲပြိုသည်၊
အဖန်တလဲလဲ၊
အလူးအလဲခံနေရသည်၊
အဝတ်အစားလဲပါ၊
အဟောင်း အသစ် လဲလှယ်သည်း
ကောက်ကျစ်စဉ်းလဲ၊
လျှောက်လဲချက်၊

လည်း
စားလည်းစား ပြောလည်းပြော၊
စုလည်းကြက်တောင်
ဆည်းလည်းသံ
ပလလည်းဆင်၊
ပလလည်းတော
ရိုက်လည်းရိုက်၊
လည်းကောင်း (၎င်း၊ ထို၊ ယင်း၊ အနှီ၊ ဤ၊ နည်းတူ)၊
လည်းလျောင်း (ယခင်သုံး)၊
လိပ်ခဲတည်းလည်း၊
လူးလည်း၍ငိုသည်
ပြောရာတွင်လည်း၊
သော်လည်း၊
သော်လည်းကောင်း၊

ဆည်းလည်းလှိုက်သံ - ခင်မောင်တိုး https://www.youtube.com/watch?v=oZmuPSWjhJ0
အောင်ပင်လယ် - ပစ်တိုင်းထောင် https://www.youtube.com/watch?v=BmQFsU-7cjI

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး