Vaccine Against Diabetes ဆီးချို ကာကွယ်ဆေး သတင်းမှား

၁။ ဆရာရေ ပေါက်ကရတွေ လုပ်လာကြပြန်ပြီ။ ရှင်းပါဦး။

၂။ ဒေါက်တာ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ့်ဆေးတွေ့ရှိပြီဆိုတဲ့ သတင်းကြားရပါတယ်။ ဆီးချိုဆိုတာ ပျောက်တဲ့ ရောဂါလား။

အရင်ကလည်း မေးလို့ စာတပုဒ်ရေးခဲ့ပါတယ်။

ဆရာ ဒီသတင်းမှန်လားလို့ အတည်ပြုပေးပါဦး။ ကျေးဇူးပါ။ The Vaccine Against Diabetes Has Been Officially Announced And The Entire World Is Celebrating http://www.snopes.com/diabetes-vaccine/
ဘာသာပြန် = ဆီးချိုကာကွယ်ဆေးတွေ့ပြီ

အဖြေ = မဟုတ်ပါ။ သတင်းမှားသာဖြစ်တယ်။
FALSE: Vaccine and Cure for Diabetes Announced http://www.snopes.com/diabetes-vaccine/ ကိုဖတ်ပါ။

Laxing Vaccine (လက်ဇင်း) ကာကွယ်ဆေး သတင်းနဲ့အတူ ဆီးချိုကာကွယဆေးတွေ့ပြီဆိုတဲ့သတင်းက ၁၈-၉-၂ဝ၁၆ နေ့က ထွက်ပါတယ်။ မက်ဆီကိုကလာတာပါ။ မက်ဆီကိုအစိုးရကနေ စစ်ဆေးပြီး အမှားဆေးပညာသတင်းလုပ်တဲ့ရုံးကို ပိတ်လိုက်ပါတယ်။

သတင်းကို အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ Time for You ဝဘ်ဆိုက်မှာတင်ခဲ့တာပါ။ သတင်း (စတိုရီ) ထဲမှာ မက်ဆီကို ပညာရှင် Live Your Diabetes Foundation ဖေါင်ဒေရှင်းက Salvador Chacón Ramírez နဲ့ Mexican Association for the Diagnosis and Treatment of Autoimmune Diseases အသင်းက Lucila Zárate Ortega တို့နဲ့အတူ ဆရာဝန် Jorge González Ramírez တို့ရဲ့ စမ်းသပ်မှုကို အခြေခံထားပါတယ်။ auto-chemotherapy အော်တိုခီမိုသာရာပီနည်းလို့ ခေါ်တယ်။ ဆီးချိုလူနာတွေဆီက သွေး ၅ စီစီထုတ်ယူ၊ သွေးရည် ၅၅ စီစီနဲ့ရော၊ ရေခဲသေတ္တာထဲ ၅ ဒီဂရီ ဆဲလ်စီယပ်စ်မှာ သိမ်းထားတဲ့နည်းလို့ဆိုပါတယ်။ လူ့သွေးက ၃၇ ဒီဂရီရှိတာမှာ အပူချိန်ပြောင်းသွာတော့ ဓါတ်ပြောင်းမယ်။ အဲတာကို ကာကွယ်ဆေးလုပ်တယ်။ ဆေးက ရက် ၆ဝ ခံမယ်။ ကုသမှု တနှစ်ကြာမယ်လို့ဆိုပါတယ်။

မက်ဆီကိုအစိုးရ Federal Commission for the Protection against Sanitary Risk (COFEPRIS) ကနေ အဲဒီ Live Your Diabetes Foundation ရုံးကို ပိတ်လိုက်ပါတယ်။ Ministry of Health (SSA) ကျန်းမာရေးဝန်ကြီးဌာနကလည်း ကာကွယဆေးဆိုတာ မဟုတ်မမှန်ကြောင်း ထုတ်ပြန်ပါတယ်။

အခုထိ ဆီးချိုပျောက်ဆေး မရှိပါ။ ဆီးချိုရောဂါဟာ (အော်တိုအင်မြူ) ရောဂါတခုဖြစ်တယ်။ ကိုယ့်ပစ္စည်းကို ရန်သူ သတ်မှတ်ပြီး တိုက်ထုတ်နေတဲ့ရောဂါတမျိုးဖြစ်တယ်။ ဆီးချိုအမျိုးအစား (၁) ဆိုတာ ကလေးဘဝမှာဖြစ်တယ်။ (၂) က အသက်ရမှသာဖြစ်တယ်။ သရက်ရွက်ကနေ အမြဲထုတ်ပေးနေတဲ့ သကြားဓါတ်ကို ထိန်းပေတဲ့ (အင်စူလင်) ဟော်မုန်း မထုတ်နိုင်လို့ စားပြီးတိုင်းတက်လာတဲ့ သကြားဓါတ်ကို မထိန်းနိုင်လို့ရောဂါဖြစ်တယ်။ ဆီးချိုရှိသူတိုင်း လူနေမှုပုံစံ ပြောင်းခြင်းနဲ့ ဆေးကိုတသက်လုံးသုံးခြင်းသာလုပ်နေကြရပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၆ ည ၁၁ နာရီ၊ ၇ မိနစ်။
၈-၂-၂ဝ၁၇ နေ့ ၁၂ နာရီ၊ ၁၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး