သည် နှင့် သယ်

၁။ ပန်းသည်နှင့် ပန်းသယ် ဘယ်ဟာမှန်လဲဆရာ။

၂။ ဆရာကစာလုံးပေါင်းတာလဲဂရုစိုက်တော့ သမီးမေးပါရစေဆရာ။ အနုပညာသည်လား။ ဆရာရေးတဲ့ သယ်က အမှန်လားဆိုတာ သိပါရစေဆရာ။

၃။ ဆရာ့ကို သိချင်တာလေးမေးပါရစေ။ ဈေးသည်ကို ဈေးသီဖတ်နေလို့ပါဆရာ။ သည် နဲ့ သယ်။

၎။ ပြောင်းဖူးဖုတ်သယ်လား၊ ပြောင်းဖူးဖုတ်သည်လားဆရာ။ အဲ့ဒီနှစ်ခု ဘယ်ဟာ အမှန်ပါလဲဆရာ။

ပန်းသယ် မှန်တယ်။ အနုပညာသည် မှန်တယ်။ ဈေးသည် မှန်တယ်။ ကသယ်ပင်၊ သယ်ပိုးသည်၊ သယ်ယူသွားသည်၊ သယ်သူပို့ဆောင်၊ သယ် ငါဟဲ့ယောက်ျား၊ တို့မှာသာ သယ်ကိုသုံးပါတယ်။

မင်းရှင်းဆို လာလာရေးကြတယ်။ သယ်ရင်း ဘယ်သူ ဘယ်ဝါဆိုပြီး။ သူငယ်ချင်းအစား သယ်ရင်းကို သည်ရင်းလို့ ရေးရင်တော့ ရှေးသုံးအရ လင်မယားဖြစ်သွားမယ်။ ဆက်ဖတ်ပါရန်။

သည်
ကုန်သည် (ဿယ်သံထွက်)
ကချေသည် (ဿယ်သံထွက်)
လက်သည် (သယ်သံထွက်)
လာသွားသည် (ဿီသံထွက်)
သည်ပိုးရွက်ဆောင်သည် (သယ်သံထွက်)
သည်မိုး သည်လေ သည်လူတွေ (ဿီသံထွက်)
သည်အမှု (ဿီသံထွက်)
သည်အကြောင်းအရာ (ဿီသံထွက်)
သည်ဆောင်းဟေမန် (ဿီသံထွက်)
သဘင်သည် (ဿယ်သံထွက်)
အဆိုသည် (အဆိုတော်) (ဿယ်သံထွက်)
အသည်ဝန်ကြီး (သယ်သံထွက်)
ဧည့်သည် (ဿယ်သံထွက်)
ဈေးသည် (ဿယ်သံထွက်)
သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။

သယ်
ကသယ်ပင် (သယ်သံထွက်)
သယ့့် ငါဟဲ့ယောက်ျား (သယ်သံထွက်)
သယ်ပိုးသည် (သယ်သံထွက်)
သယ်ယူသွားသည် (သယ်သံထွက်)
သယ်သူပို့ဆောင် (သယ်သံထွက်)

လှည်းနဲ့တဖုံ လှေနဲ့တမျိုး ရပ်ကျိုးရွာကျိုး သယ်ပိုးရွက်မယ် အမျှဆိုရင် သာဓုခေါ်တဲ့လူမျိးနွယ့့်

လင်းခေးလုင်ရေး - စိုးစန္ဒာထွန်းဆို - ဖက်ဖူးဆင် https://www.youtube.com/watch?v=1SO-ZUcDdqc

သည်ဆောင်းမှာ ပြောင်းဖူးဖုတ်သည်တွေ ရောင်းကောင်းကြပါစေ။ ပြောင်းဖူးဖုတ်တွေ ဝယ်ပြီး အိမ်ကိုပါ သယ်သွားကြပါလေ။

ရေး မြဝတီမင်းကြီးဦးစ၊ တီး စောင်းဦးမြင့်မောင်၊ ဆို ရီရီသန့် သဇင်ပန်းဘွဲ့ သည်ဆောင်းဟေမန် https://www.youtube.com/watch?v=gngsKeqPUEY

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၆
၎-၉-၂ဝ၁၇
၈-၁ဝ-၂ဝ၁၇
၅-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး