မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, December 3, 2016

Brains ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် မတူခြားနား

(၃ နှစ်တိတိကရေးခဲ့တာ)

ယောက်ျားဦးနှောက်မှာ ရှေ့ဖက်ကနေ နောက်ဆက်ဆီသွားလမ်းရှိပြီး ဘယ်နဲ့ညာ ကြားဖြတ်တာတွေရှိတယ်။ အမျိုးသမီးဦးနှောက်မှာ ဘယ်နဲ့ညာ ကန့်လန့်ဖြတ်သွားလမ်းတွေရှိတယ်။ ဒါကိုကြည့်ရင် ယောက်ျားတွေက လေ့လာသင်ယူမှုမှာ အားကောင်းကြပြီး၊ တခုတည်းသောကြွမ်းကျင်မှုကို လုပ်ဆောင်နိုင်ကြတယ်။ ဥပမာ စက်ဘီးစီးတာ၊ ခရီးလှည့်လည်တာ။

အမျိုးသမီးတွေကတော့ တာဝန်အများကို လုပ်ဆောင်နိုင်စွမ်းရှိကြတယ်။ အမျိုးသမီးတွေက အာရုံစူးစိုက်မှု၊ စကားလုံး ဝေါဟာရ၊ လူမှုရေးရာတွေမှာ ပိုသာကြတယ်။ အမျိုးသမီးတွေက သုံးဖက်မြင်ရှုတာမျိုးနဲ့ အာရုံခံ + ကြွက်သာလှုပ်ရှားမှု မြန်နှုန်းအရာမှာ ပိုသာကြတယ်။

ပင်ဆယ်လ်ဗေးနီးယား ပညာရှင်တွေက တွေ့ရှိလာတာကို Proceedings of the National Academy of Sciences ထဲမှာ ရေးသားလိုက်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၁၂-ဝ၁၃

No comments:

Post a Comment

Note: Only a member of this blog may post a comment.