မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 2, 2016

Cardiomegaly နှလုံးကြီးခြင်း

ဆရာရှင့် ကျွန်မအသက်က ၄၂ ပါ။ ကလေး ၂ယောက်ပါရှင်။ မြန်မာနိုင်ငံမှာနေပါတယ်။ ခုတလောမောမောနေလို့ ဆရာဝန်သွားပြတာပါ။ နှလုံး ECG ဆွဲတော့ကောင်းတယ်တဲ့။ နှလုံးဓာတ်မှန်ရိုက်မှာ နှလုံးကြီးတာလို့ပြောပါတယ်။ နှလုံးကြီးတာနဲ့ပါတ်သက်ပြီး ဘာတွေဖြစ်တတ်ပါသလဲ။ အစားအသောက်ကို ဘာတွေ အဓိကစားပြီး ဘာတွေရှောင်ဖို့ လိုပါသလဲရှင်။ နှလုံကြီးတာဟာ ခွဲစိတ်ဖို့လိုပါသလားရှင်။

နှလုံးအရွယ်အစား ရှိသင့်တာထက်ကြီးနေခြင်းဟာ နာတာရှည်သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကနေ ဖြစ်တယ်။ နှလုံးရဲ့ အဓိကအလုပ်ဖြစ်တဲ့ သွေးလှည့်ပတ်မှုကို နိုင်အောင်မလုပ်နိုင်တော့ရင် congestive heart failure နှလုံးကျရှုံးခြင်းလို့ ခေါ်တယ်။ အမျိုးအစားတွေရှိတယ်။ နှလုံးကြွက်သားတွေမကောင်းရာကနေဖြစ်လာတယ်။ နှလုံးအောက်ခန်း နှစ်ဖက်ကနံရံတွေ ကြီးလာမယ်။ ဘယ်ဖက်အောက်ခန်းသာထူပြီးကြီးတာလည်းရှိတယ်။ သွေးတိုးကနေ ဖြစ်လာတယ်။

နှလုံးကို ဗိုင်းရပ်စ်ပိုးကူးစက်လို့လည်းဖြစ်တယ်။ နှလုံးအဆို့ရှင်တွေမကောင်းလို့လည်းဖြစ်တယ်။ ကျောက်ကပ်ဆေးဘို့ လိုသူတွေမှာလည်း ဖြစ်တတ်တယ်။ အရက်နဲ့ ကိုကိန်းဆေး တလွဲသုံးလို့လည်းဖြစ်တယ်။ HIV ကနေလည်းဖြစ်နိုင်တယ်။ မျိုးရိုးကပါလာလည်းရှိတယ်။ နှလုံးခုန်မမှန်တာ နဲ့ အဆုပ်သွေးဖိအားများတာတွေကနေ ဖြစ်စေတယ်။ နာတာရှည် သွေးအားနည်းတာနဲ့ လည်ပင်းကြီးရောဂါတွေနဲ့လဲ တွဲ-ဆက် ဖြစ်လာတတ်တယ်။ amyloidosis ပုံမှန်မဟုတ်တဲ့ (ပရိုတင်း) ရောဂါ၊ hemochromatosis သံဓါတ်များနေခြင်း တွေနဲ့လဲ ဆက်ဖြစ်နိုင်သေးတယ်။ ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ အဆိပ်ဖြစ်တာလဲ ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလဲ ယာယီကြီးနေတတ်တယ်။

နှလုံးကြီးတာက ရောဂါမဟုတ်ပါ။ ရောဂါတခုခုရဲ့လက္ခဏာသာဖြစ်ပါတယ်။ Cardiomyopathy ဆိုတာက နှလုံးကြွက်သားတွေ ကြီးထွားနေတာဖြစ်တယ်။ Cardiomegaly နှလုံးကြီးတာနဲ့ တွဲနေတတ်တယ်။

ခံစားရနိုင်တာတွေ = အသက်ရှူတိုတောင်းခြင်း၊ ခြေထောက်ရောင်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း၊

ကုသခြင်း = ဖြစ်စေတဲ့အခြေခံရောဂါကိုကုသရမယ်။ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းခြင်း။ Diuretics ခေါ် ဆီးဆေးပေးခြင်း။ Angiotensin-converting enzyme (ACE) inhibitors နဲ့ beta-blockers ဆေးတွေသုံးတယ်။ Implantable cardioverter-defibrillator ကိရိယာသုံးခြင်း။ အငန်နဲ့မတည့်ပါ။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.