Changing Political colors နိုင်ငံရေးအရောင်များပြောင်းလဲခြင်း

နိုင်ငံတကာမှာ -
အစိမ်းရောင်ကို သဘာဝပတ်ဝန်းကျင်ဦးစားပေးသူတွေကသုံးတယ်။

အိုင်းရစ်အမျိုးရေးပါတီကသုံးတယ်။

အစ္စလမ်ဘာသာကသုံးတယ်။

အနီရောင်ကို အများဆုံးက ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်အယူအဆကသုံးတယ်။ ဆိုရှယ်ဒီမိုကရက်တွေကလည်းသုံးတယ်။ အလုပ်သမားပါတီတွေကလည်းသုံးတယ်။ ယူအက်မှာတော့ ရီပတ်ဘလီကင်ပါတီကသုံးတယ်။

အပြာရောင်ကို ယူကေမှာ ရိုးရာစွဲတွေကသုံးတယ်။ ယူအက်စ်မှာတော့ ဒီမိုကရက်ပါတီကသုံးတယ်။

အဝါရောင်ကို ဂျူးဝါဒကသုံးတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်ကိုကိုယ်စားပြုသုံးတယ်။

မြန်မာနိုင်ငံမှာ
လွတ်လပ်ရေးရပြီးနောက်ပိုင်း (ဖဆပလ) နှစ်ခြမ်းကွဲသွားတော့ ဦးနုဦးဆောင်တဲ့ (ဖဆပလ) က သန့်ရှင်းနာမည်နဲ့ အဝါရောင်၊ ဦးဗဆွဦးဆောင်တဲ့ (ဖဆပလ) က တည်မြဲနဲ့ အနီရောင်။

တိုင်းပြည်လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ (ဖဆပလ) တပ်ပေါင်းစုကြီးဟာ အနီနဲ့အဝါလို့ ကွဲသွားခဲ့တယ်။

ကွန်မြူနစ် နဲ့ ဆိုရှယ်လစ် အိုင်ဒီယော်လော်ဂျီရှိသူကလည်း အနီရောင်။ နိုင်ငံရေးအာဏာ မရလိုက်ပါ။

၂၆ နှစ်ကြာ တပါတီတည်းအုပ်စိုးခဲ့တဲ့ (မဆလ) ပါတီက အပြာနုရောင်ကိုသုံးခဲ့တယ်။

ပြည်ခိုင်ဖြိုးပါတီက အစိမ်းရောင်အရင့် သုံးတယ်။ ဖဆပလ ခေတ်က အစိမ်းရောင်ဟာ တသီးပုဂ္ဂလအရောင်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၅ ရွေးကောက်ပွဲကစပြီး -
ပြည်ခိုင်ဖြိုးရဲ့ အစိမ်းရင့်ရောင်ကလည်း ခပ်ပုပ်ပုပ်ဖြစ်သွားတယ်။

(မဆလ) တဖြစ်လဲ (တစည) အပြာနုရောင်က ယဲ့ယဲ့လေးသာရှိတော့တယ်။

NLD က အနီရောင်ကိုခံယူလိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၅
၃-၉-၂ဝ၁၇
Political colors နိုင်ငံရေးအရောင်များ http://doctortintswe.blogspot.com/search?q=Political+colors

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး