China under Deng Xiaoping တိန်ရှောင့်ပိန် လက်ထက် တရုပ်ပြည်

(History of China တရုပ်နိုင်ငံသမိုင်းနောက်က ဆက်ရေးတာပါ။)

တိန်ရှောင့်ပိန် ခေါင်းဆောင်ဖြစ်လာချိန်မှာ တရုပ်ပြည်ကြီးဟာ မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေခံနေရချိန်ဖြစ်ပါတယ်။ (ဂျီဒီပီ) ၈၈့၇ သာရှိခဲ့တယ်။ သူရာထူးက ဆင်းတဲ့ ၁၉၉၂ မှာတော့ တရုပ်ပြည်သားတွေ ဆင်းရဲတွင်းကလွတ်လာကြပြီ။ ပိုချမ်းသာလာကြသလို တိုင်းပြည်ဟာ ခေတ်မီလာပြီး၊ အင်အားကြီးနိုင်ငံ ဖြစ်လာပါတော့တယ်။ မဟာအင်အားကြီးအဆင့်ပါ။ (ဂျီဒီပီ) ၂ဝ၁၅ မှာ ၇၉၂၄့၇ အထိရှိလာတယ်။

မော်စီတုန်း ၁၉၇၆ မှာ ကွယ်လွန်တော့ ပြုပြင်ပြောင်းလဲရေးကိုစခဲ့သူဟာ (ဟွာကိုဖန်း) ဖြစ်ပါတယ်။ တိန်ရှောင့်ပိန်က ကူညီသူသာဖြစ်သေးတယ်။ မော်စီတုန်းရဲ့ တော်လှန်ရေးဟာ တိုင်းပြည်ကို ဒုက္ခတွင်းသာရောက်တာကို သဘောပေါက်ကြတဲ့ တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေက ကူညီကြတယ်။

တရုပ်ဖြူဖြစ်လာမယ့် အမျိုးသားရေးတပ်တွေကိုတိုက်ရာမှာ ကွန်မြူနစ်စစ်တပ်ထဲမှာ တိန်ရှောင့်ပိန်က နိုင်ငံရေးမှူး ဖြစ်ခဲ့တယ်။ ၁၉၅၃ မှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာတယ်။ ကွန်မြူနစ်ပါတီထဲမှာ တာဝန်ကနေ ၃ ကြိမ်ထုတ်ခံရတယ်။ တိုင်းပြည်ခေတ်မီရေးအတွက် တရုပ်သိပ္ပံပညာရှင်တွေနဲ့စကားပြောတယ်။ (၁ဝ) နှစ်ကြာပိတ်ထားခဲ့တဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်တယ်။ ဥရောပက တိုးတက်တဲ့တိုင်းပြည်တွေနဲ့ ဆက်ဆံရေးလုပ်တယ်။ ၁၉၇၅ မှာ ပြင်သစ်ကိုသွားတယ်။

၁၉၇၈ မှ ဂျပန်နဲ့ ငြိမ်းချမ်းရေးနဲ့ မိတ်ဆွေဖြစ်စာချုပ်ချုပ်တယ်။ နောက်သွားလည်ပတ်တယ်။ ဂျပန်က ရုပ်ရှင်၊ စာပေ၊ တီဗွီတွေ တရုပ်ပြည်ထဲသွင်းတယ်။ တရုပ်လူမျိုးတွေ ဂျပန်အပေါ်စိတ်နာနေကြတာကို ပြင်စေဘို့နဲ့ ဂျပန်သိပ္ပံပညာနဲ့ နည်းပညာတွေကို အားကျစေဘို့ဖြစ်တယ်။ ၁၉၇၈ မှာ တိန်ရှောင့်ပိန် တိုင်းပြည်ထိပ်ဆုံးအဆင့် ရောက်လာတယ်။ ယူအက်စ်အေနဲ့လည်း ပြေလည်အောင်ကြိုးစားတယ်။ ၁၉၇၉ ဂျင်မီကာတာ လက်ထက်မှာသွားလည်ပတ်တယ်။

ဗီယက်နမ်ကနေ အမေရိကန်ဆုတ်ခွါရင် ဆိုဗီယက်ကဝင်ဖြည့်မှာကို သူကမလိုလားဘူး။ အဲတာကြောင့် ဗီယက်နမ်ကို ဝင်တိုက်တယ်။ အမှန်က ဆိုဗီယက်ကို သူအလေးအနက်ရှိကြောင်း အချက်ပြလိုက်တာဖြစ်တယ်။ ဆိုဗီယက်နဲ့ အဆင်ပြေအောင်ပေါင်းတယ်။ အဲတာမှ စစ်ရေးကုန်ကျစရိတ်ကို ချွေတာနိုင်မယ်။ စီးပွါးဖွံဖြိုးအောင် အာရုံစိုက်နိုင်မယ်။ စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ အမျိုးသားကာကွယ်ရေးနဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍကြီးလေးခုကိုဦးစားပေးတောင်ရွက်တယ်။

တဖြေးဖြေးနဲ့ ဈေးကွက်ကိုဖွင့်ပေးတယ်။ နယ်တွေကိုအရင်စပြီး မြို့တွေကို ဖွင့်ပေးတယ်။ စီမံကိန်းစနစ်နဲ့ ဈေးကွက်ဖွင့်စနစ်ရောပြီး ကျင့်သုံးတယ်။ ၁၉၄၉ ကစခဲ့တဲ့ ကွန်မြူနစ် ယဉ်ကျေးမှုတော်လှန်ရေးကြီးကနေ စီးပွားဖွံဖြိုးမှု မရခဲ့တဲ့အမှားတွေကိုပြင်ဘို့ ဆုံးဖြတ်ထားတယ်။ တချိန်တည်းမှာ တိုင်းပြည်ကို တည်ငြိမ်အောင်လုပ်တယ်။ ဆန့်ကျင်မှုတွေကို လိုအပ်ရင်အင်အားသုံးတယ်။ ဒီမိုကရေစီမှာ တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံရေးတည်ငြိမ်မှုလိုအပ်တာကို သဘောပေါက်တယ်။ ၁၉၈၉ ဇွန် (၄) ရက်နေ့မှာတော့ ဆန္ဒပြသူတွေအတော်များများကို ပစ်သတ်တယ်။ ၁၉၉၂ မှာ ရာထူးကနေဆင်းပေးတယ်။

GDP per capita ဂျီဒီပီ
တိုင်းပြည် - ၁၉၆ဝ - ၂ဝ၁၅
ယူအက်စ်အေ 3,007.1 - 55,836.8
ၾသစေတးလ် 1,806.8 - 56,327.7
စကၤာပူ 427.9 - 52,888.7
ယူကေ 1,380.3 - 43,734.0
ဟောင်ကောင် 429.4 - 42,422.9
ပြင်သစ် 1,338.3 - 36,248.2
တောင်ကိုရီးယား 155.6 - 27,221.5
မလေးသျှား 234.8 - 9,766.2
တရုပ် 88.7 - 7,924.7
ထိုင်း 100.8 - 5,816.4
အင်ဒိုနီးရှား - 3,346.5
ဖိလစ်ပိုင် 254.4 - 2,899.4
ဗီယက်နမ် - 2,111.1
လာအို - 1,812.3
အိန္ဒိယ 83.8 - 1,581.6
ဘင်္ဂလားဒက်ရှ် 88.7 - 1,211.7
မြန်မာ - 1,203.5
ကမ္ဘောဒီးယား 111.3 - 1,158.7

တိန်ရှောင့်ပိန်ဟာ တရုပ်ပြည်ကို မဟာအင်အားကြီးနိုင်ငံဖြစ်အောင် လုပ်ရေးခဲ့သူဖြစ်တယ်။ တရုပ်ကွန်မြူနစ်ပါတီကို အစည်းအဝါးမကွဲအောင်နဲ့ (အင်စတီကျူးရှင်း) သဘောသာ ဆက်ထားတယ်။ စီးပွားရေးတိုးတက်ပြီး တိုင်းပြည် ခေတ်မီအောင်နဲ့ စစ်အင်အားကြီးအောင်လုပ်တယ်။ ပညာတတ်တွေကို အသုံးချခဲ့ပါတယ်။ အမြော်အမြင်ကြီးမားပြီး အောင်မြင်မှုရအောင်လည်း လုပ်နိုင်ခဲ့သူဖြစ်တယ်။ နောက်မျိုးဆက်ကို သူ့အမြင်အတိုင်း ဆက်လုပ်နိုင်သူမျိုးကို လွှဲတယ်။ တရုပ်စစ်တပ်က သူ့နေရာမှာသူနေတယ်။ အခုထိကြည့်ရတာ တရုပ်ပြည်ဟာ ရှေ့သာဆက်သွားမယ်လို့ထင်ရတယ်။ ဆိုဗီယက်ယူနီယန်နဲ့ တရုပ်တို့ဆီကနေ ကွန်မြူနစ်စနစ်ရဲ့ မတူခြားနားတဲ့ သမိုင်းသင်္ခန်းစာနှစ်မျိုးကိုပေးလိုက်တယ်။

တရုပ်ပြည်မှာ တိန်ရှောင့်ပိန်အာဏာယူထားချိန်ဖြစ်တဲ့ ၁၉၇၈ ကနေ ၁၉၉၂ ကာလအတွင်း မြန်မာပြည်မှာလည်း အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့တယ်။ ၁၉၈၇ မှာ LDC ခေါ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သွားတယ်။၂၆ နှစ်တာအုပ်စိုးနေခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကျဆုံးသွားတယ်။ ၁၉၈၈ မှာ လူထုအုံကြွမှုကြီးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတယ်။ စီးပွားရေးတိုးတက်မလာ၊ နိုင်ငံရေးမတည်ငြိမ်၊ စစ်အင်အားတော့ အတန်အသင့် တည်ဆောက်တယ်။ တိုင်းပြည်ရဲ့အဆင့်အတန်း ပိုပြီးကျဆင်းသွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေအထားပါ သိသိသာသာ ပြောင်းလဲစေခဲ့ပါတယ်။ (ဆက်ရေးချင်ပါသေးတယ်။)

ဒေါက်တာတင့်ဆွေ
၅-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး