Clindamycin ကလင်ဒါမိုင်စင်

ဆိုးတဲ့ ဗက်တီးရီယားအတွက်ဆေးဖြစ်တယ်။ ဆေးကိုဆရာဝန်ညွှန်တဲ့ရက်အပြည့်သောက်ရမယ်။ ထိုးဆေးလည်းရှိတယ်။

ဝမ်းလျှောစေနိုင်တယ်။ ဝမ်းလျှောရင် ဝမ်းအတွက်ဆေး မလိုပါ။ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ခရုန်းရောဂါရှိသူတွေကို မပေးသင့်။ ပန်းနာ၊ နှင်းကူနာရှိသူတွေကို သတိထားပေးရတယ်။

ဘေးထွက်သက်ရောက်မှုများ
ပျို့အန်၊ အရေပြားအနီကွက်ထွက်ခြင်း၊ အဖြူဆင်းခြင်း၊ ဗိုက်အနေရခက်ခြင်း၊ အသာဝါခြင်း၊ ရင်ပတ်နာခြင်း။ လျှာအရသာပြောင်းခြင်း၊ ဆီးနည်းခြင်း၊ တက်စေ့ရောင်ခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊ သွေးထွယ်လွယ်ခြင်း၊ ထိုကျင်ခြင်း၊ ကြွက်သားအားနည်းခြင်း၊

ကိုယ်ဝန်ကိုပေးနိုင်တယ်။ ပဌမသုံးလဆိုရင်တော့ သတိထားပေးမယ်။ ကလေးနို့တိုက်နေစဉ် မပေးသင့်။

Bacterial Vaginosis ဗဂျိုင်းနား ဗက်တီးရီးယားဝင်ခြင်း Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

Surgical Prophylaxis ခွဲစိတ်ခြင်းကြိုတင်ကာကွယ်ရန် 900 mg တနာရီကြိုတင်ပေးရန်။ လိုအပ်ရင် ၆ နာရီတခါ ဆက်ပေး။

Bite Wounds တိရစ္ဆာန်ကိုက်ခြင်း 300 mg တနေ့ ၄ ကြိမ်။

Gangrenous Pyomyositis ပုပ်တဲ့အနာ 900 mg IV တနေ့ ၃ ကြိမ် + penicillin G

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး