Commission Fees ကော်မရှင်ခ မရပါ

မင်္ဂလာပါဆရာ။ စင်္ကာပူမှာ တရားဝင် ဝယ်လို့ရမယ့် တစ်လခံ ကိုယ်ဝန်တားဆေးအမည် သိချင်လို့ပါ။ ဘယ်ဆိုင်တွေမှာ ဝယ်ယူလို့ရပါသလဲ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါဦး။

ဆရာ မသိပါ။ ဆောရီး။

ကျေးဇူးပါပဲ ဆရာ။ မြန်မာနိုင်ငံမှာရော ဝယ်လို့ရမယ့် တလခံ ကိုယ်ဝန်တားဆေးအမည်သိလျှင် ညွှန်းပေးပါဦးဆရာ။

ဆောရီး။ ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။ ဆောရီး။ အဲတာကို မေးခွန်း စည်းကမ်းထဲမှာ ထည့်ရေးထားပါတယ်။ ဘယ်ဆေးကုမ္ပဏီကမှ ဆေးကိုယ်စားလှယ်မပေးကြပါ။ Smile!

အမေရိကမှာ ဆရာဝန်တွေ တနှစ်ဝင်ငွေ ၂ဝ၁၄ ခုနှစ်တုံးက $195,000 ရခဲ့ကြတယ်။ အထူးကုဆရာဝန်တွေက $284,000 ရခဲ့ကြပါတယ်။ သူတို့ဆေးကျောင်းတက်စဉ်ကယူထားတဲ့အကြွေးနဲ့ malpractice insurance အာမခံသွင်းရငွေ $50,000 တွေနုတ်လိုက်ရင် နေပျော်ယုံသာသာရှိတယ်လို့ဆိုပါတယ်။ အဲတာကြောင့် တချို့က အချိန်ပိုင်းအလုပ်ပါ လုပ်ကြတယ်။ Medscape report အစီရင်ခံစာအရ ဓါတ်မှန်ဆရာဝန်တွေက $6,000 ရတယ်။ အရိုးဆရာဝန်တွေက $29,000 ရတယ်။

နောက်ဝင်ငွေပိုရလမ်းတခုကတော့ Pharmaceutical Companies ဆေးကုမ္ပဏီတွေဖက်ကနေလိုက်ပြောပေးခြင်း ဖြစ်ပါတယ်။ ဆေးဝါးသစ်ဖြစ်ဖြစ် ကရိယာသစ်ကိုဖြစ်ဖြစ် တခါပြောပေးရင် $1,000 နှုန်းရမယ်။ ခရီးစရိတ်၊ ဟော်တယ်ခလည်းရမယ်။ ProPublica လူမှုတရားမျှတရေးသတင်းဌာနကနေ ၂ဝ၁ဝ ကစပြီး အဲတာကို စုံစမ်းလေ့လာမှုလုပ်ပါတယ်။ တချို့ဆရာဝန်တွေက တနှစ်မှာ $100,000 ကျော်အထိရပါသတဲ့။

Centers for Medicare and Medicaid Services ဌာနကနေ ဆရာဝန်တွေနဲ့ ဆေးရုံတွေ $10 အထက် ဆေးကုမဏီတွေကနေ ရတာတိုင်းကိုမှတ်တမ်းလုပ်တယ်။ Affordable Care Act အက်ဥပဒေအစိတ်အပိုင်ဖြစ်တဲ့ Sunshine Act အက်ဥပဒေအရ အဲလိုလုပ်ခွင့်ရှိပါတယ်။ အတိုင်ပင်ခံအခငွေမဟုတ်ပဲ လျှော်ကြေးငွေခေါင်းစဉ်အရ ဆေးကုမ္ပဏီတွေဖက်ကနေလိုက်ပြောပေးခြင်းအပါအဝင် ၂ဝ၁၃ ခုနှစ်မှာ စုစုပေါင်း $4.25 million ရှိခဲ့ပါတယ်။

ဆေးကုမ္ပဏီတွေဖက်ကနေ လိုက်ပြောပေးတာမလုပ်တဲ့ ဆရာဝန်တွေက အတိုင်ပင်ခံလုပ်ကြတယ်။ ဆေးပညာ အကြံပေးမှုတွေလုပ်တယ်။ Consulting and Honoraria အတိုင်ပင်ခံအခငွေနဲ့ လုပ်အားခရတယ်။ ၂ဝ၁၃ ခုနှစ်မှာ အများဆုံး $1 million နဲ့ အနည်းဆုံး $5,000 ကနေ $20,000 ရှိခဲ့တယ်။ တကြိမ်မှာ အများစုရတာက $7,000 အောက်ဖြစ်တယ်။

ကျွန်တော်ကတော့အမေရိကမှာနေရပေမဲ့ ကြော်ငြာဆေးတွေ၊ ဆေးအတုတွေ၊ အရည်အသွေးညံတဲ့ဆေးတွေအကြောင်း ရေးလွန်းလို့ ဒေါ်လာငွေရဘို့နေနေသာသာ ဆေးကြော်ငြာကုမ္ပဏီတွေက မေတ္တာပို့တာတွေသာရနေကြောင်းပါ။ No Smile!

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး