Compromised History သမိုင်းကို ဘလော့လုပ်ခြင်း

သမိုင်းစာတွေအောက်မှာ ဘက်လိုက်မရေးလို့ မကျေနပ်တဲ့သူ ၄-၅ ယောက်တွေ့ပါတယ်။ သမိုင်းကို ကျွန်တော်က မရေးပါ။ မှတ်တမ်းတွေကို ပြန်စုတာနဲ့ ဘာသာပြန်တာသာဖြစ်တယ်။ သုတ၊ သမိုင်း၊ သိပ္ပံစာတွေကို ဘာသာပြန်ရင် တိုက်ရိုက် ပြန်နည်းကို သုံးပါတယ်။ သုံးသပ်ချက်ကိုသာ မြန်မာပြည်နဲ့ စပ်အပ်တာထည့်ပါတယ်။

မနှစ်သက်သူတွေကို စိတ်မကောင်းမဖြစ်စေရအောင် ဘလော့ခ်လုပ်ပေးပါမယ်။ သမိုင်းကို လိုသလိုမရေးရပါ။ လိုတော့မှလည်း ထမရေးရပါ။ သမိုင်းစာအုပ်တိုင်းမှာ ၁ဝဝ% မမှန်တတ်ပါ။

ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်းကို Carbon-14 ကာဗွန်-၁၄ ခေါ် Radiocarbon ရေဒီယိုကာဗွန် ခေါ်တာနဲ့ ခန့်မှန်းရပါတယ်။ ပုဂံဘုရားတချို့ရဲ့သက်တမ်းကိုစစ်ရင် အုတ်ချပ်သစ်တွေအစားထိုးထားလို့ စစ်အစိုးရသက်တမ်းနဲ့အတူဖြစ်တာ နောင်လာနောက်သားများက တွေ့ကြရပါတော့မယ်။

ကျွန်တော်က ဆရာဝန်ပါ။ မျိုးဗီဇကို DNA နဲ့စစ်ရကြောင်းသိတယ်။ အမှန်ဆုံးကို အမေကအသိဆုံးဆိုတဲ့စကားရှိတယ်။ ဆရာဝန်ကိုလာမေးတဲ့ တချို့မေးခွန်းမျိုးကို အဲဒီအမေဖြစ်သူကသာ အမှန်ဆုံးကို ဖြေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး