Driving on the right-hand side of the road လက်ယာမောင်းစနစ် ဘယ်တုန်းကစသလဲ

Coconuts YGN ဖေ့စ်ဘွတ်မှာ Moe Thet War ရေးထားတဲ့ သတင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၄၆ နှစ်တိတိက ဒီရက်သတ္တပတ်မှာ လမ်းပေါ်ယာဉ်သွားလမ်းကို လက်ဝဲမောင်းစနစ်ကနေ လက်ယာမောင်းစနစ်ပြေားခဲ့တာကို လူကြီးမင်း သိပါသလားတဲ့။ အဲလို ၆-၁၂-၁၉၇ဝ နေ့ကစပြောင်းပါတယ်။ ဂါးဒီယန်းသတင်းအဆိုအရ အဲလို ပြောင်းလိုက်လို့ ဘာတခုမှ အထစ်အငေါ့မရှိလို့ ပါတယ်။ ၂-၃-၁၉၆၂ နေ့က စစ်အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ခိုင်းတာပါ။

မြန်မာပြည်ဟာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက လက်ဝဲဖက်ကမောင်းနေခဲ့ပါတယ်။ ၄-၁-၁၉၄၈ နေ့မှာ လွတ်လပ်ရေး ရပြီးနောက်မှာ ၂၂ နှစ်ကြာ လက်ဝဲမောင်းသာကျင့်သုံးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၅၈-၁၉၆ဝ နဲ့ ၁၉၆၂-၁၉၇၄ အထိ ဝန်ကြီးချုပ်၊ နောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ သမတ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ရာထူးအမည်တွေ ပြောင်းပေမယ့် ၂၃-၇-၁၉၈၈ နေ့အထိ ထိပ်ဆုံးနေရာမှာ နေခဲ့ပါတယ်။ ဘာလို့ အဲလိုပြောင်းသလဲကို ထင်ကြေးတွေ သီအိုရီတွေက အမျိုးမျိုးရှိခဲ့ပါတယ်။ ထုံးစံအတိုင်း ဗေဒင်ကိန်းခန်းအရတဲ့။ တခုက အိပ်မက်အရတဲ့။

သတင်းထဲမှာ Renaud Egreteau ကနေ အဲဒီနေ့က ရန်ကုန်ထုတ် ဂါဒီးယန်းသတင်းစာကိုတွေ့ကြောင်း ပါတယ်။ အဲဒီ (ရေးနော့ အီဂယ်လ်တူ) ဟာ ပြင်သစ်လူမျိုး ကျွန်တော့်မိတ်ဆွေပါ။ မြန်မာ-အိန္ဒိယ-တရုပ်အရေး လေ့လာနေတဲ့ သုတေသီတဦးဖြစ်ပါတယ်။ နယူးဒေလီကျွန်တော့်ရုံးခန်းကို ၂-၃ ခေါက် လာဘူးတယ်။ စစ်ဗိုလ်ချုပ်တွေကို သဘောကျလုပ်ခြင်းဆိုတဲ့စာအုပ်ရေးပါတယ်။ အိန္ဒိယအစိုးရကနေ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံနေရာကနေ ၁၉၉၂ မှာ ဂငယ်ကွေ့ပြောင်းတဲ့အကြောင်းဖြစ်ပါတယ်။

ဦးနေဝင်းက အမိန့်တော်နာခံမှုကိုကြည့်ပြီး နေရာပေးပါတယ်။ လူစီးဘတ်စ်ကားသစ်တွေဝယ်သွင်းတော့ ဝန်ကြီးမှာယူတဲ့ ကားတွေက ဥရောပါကနေလာတာမို့ တံခါးပေါက်တွေက လက်ဝဲမောင်းစနစ်အတွက်ဖြစ်နေတယ်။ ရန်ကုန်ရောက်မှ တံခါးတွေ ပြောင်းဖေါက်ရတာကို အမှတ်ရပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး