မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, December 18, 2016

Duck eggs ဘဲဥကို ပွတ်စားပါတဲ့

မနေ့ကတင် မြန်မာစာနဲ့ဆိုင်တာလေးတွေ ရေးတင်မိတယ်။ အခု စာရိုက်တာရော သတ်ပုံပါလွဲတဲ့ သတင်းတပုဒ်က ကျွန်တော့်ဆီ ရောက်လာပါတယ်။

မြန်မာပြည်ထိပ်တန်းသတင်းထူးများ ဆရာ DR. Tint Swe အဲဒါ မှန်ပါလားဆရာ။ ဆရာ့ wall မှာ share လို့မရလို့ ကျွန်တော် tag ပဲလိုက်လုပ်ပါတယ်ဆရာ။ ခွင့်ပြုပါနော်။

ခါးနာ ဒူးနာ သူများအတွက် မခက်ပါ။ ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့် ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။ (ဆုံး)

ရေးထားတဲ့ ဘဲဥစားနည်းနဲ့ ဆေးစွမ်းကို ဆက်မကူးတော့ပါ။ အချုပ်ကတော့ ဘဲဥစားရင် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်လို့ ပါတယ်။

ပဌမအချက်က (ပွက်) လို့ရေးရမှာကို (ပွတ်) လို့ရေးထားတော့ ရေနွေးပွက်လို့မဟုတ်ဘဲ၊ ဘဲဥကိုပွတ်ရမလို ဖြစ်နေတယ်။

သဘောမတူပါ။ လူတဦးချင်း လိုအပ်ချက်နဲ့ မတည့်တာ မတူကြပါ။ ဥပမာ (ကိုလက်စထော) များနေသူအတွက် ကြက်ဥအဝါပိုင်းက မသင့်ပါ။

ကြက်ဥမှာ (ပရိုတင်း)၊ ဗီတာမင် (A, B2, B6, B9, B12, D, E) နဲ့ ဓါတ်ဆား သံဓါတ်၊ (ကိုလိင်း)၊ (ကယ်လ်စီယမ်)၊ (ဖေါ့စဖိတ်)၊ (ပိုတက်ဆီယမ်) တွေပါတယ်။ Choline ဆိုတာက ဦးနှောက်အတွက် ကောင်းတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တယ်။

ကြက်ဥ ခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆ဝ၊ အဖြူက ၁၅ ရတယ်။ (ကိုလက်စထော) ၃ဝဝ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL Cholesterol ဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီ နဲနဲလေးသာ ပါတယ်။ ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေ အပါအဝင် တချို့မှာ (အလာဂျီ) ရတယ်။ အဖြူကို မတည့်တာ များတယ်။ တချို့က မတည့်တာ မဟုတ်ပေမဲ့ မခံနိုင်တာ ဖြစ်တတ်တယ်။ ကြက်ဥကို ချက်-ပြုတ်လိုက်ရင် အဝါနှစ်ထဲက (ကိုလက်စထော) ကို Oxidization များစေလို့ Atherosclerosis သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။ အင်္ဂလန်မှာ နှလုံးရောဂါ ရှိသူတွေ ၇ ရက်တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိ စားနိုင်တယ် ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။

ဒါကြောင့် ဘဲဥ-ကြက်ဥအာဟာရတန်ဘိုးနဲ့ ခါးနာ ဒူးနာ ခြင်ဆီဓာတ် ဆက်စပ်ရင် မသင့်ပါ။ လူတိုင်းကို အစားခိုင်းတာလဲ ဆေးသိပ္ပံနည်းနာနဲ့ မကိုက်ညီပါ။

• Eggs ကြက်ဥ အစရှာခြင်း http://doctortintswe.blogspot.com/2014/11/chicken-eggs.html
• Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/eggs.html
• Eggs and Sprite အားဖြစ်တယ်ဆိုလို့ http://doctortintswe.blogspot.com/20…/…/eggs-and-sprite.html

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.