Ductal carcinoma in situ ရင်သားကင်ဆာတမျိုး

ဆရာရှင့် ကျွန်မရဲ့ Biopsy result လေးပို့ပြီး မေးပါရစေ။ ရုံးက annual medical check-up ကနေပြီး စတွေ့ခဲ့တဲ့ အဖြေကနေ ဆက်လက်ပြသစစ်ဆေးခဲ့ပါတယ်။ ကင်ဆာဖြစ်ခါစလို့ပြောပါတယ်။ ကျွန်မ အရမ်းလဲကြောက်သွားပါတယ်။ ကျွန်မအသက်က ၃၇ နှစ်ပါ။ အိမ်ထောင်မရှိသူပါ။ ကျွန်မက ကြက်သား ငါး အသီးအရွက်သာ အဓိကစားသူပါ။ ဆီကြော် အချိုမှုန့်အအေးဗူးများ တတ်နိုင်သမျှ မစား မသောက်သူပါ။ ယောဂလဲ လုပ်နေတဲ့သူပါဆရာ။ မျိုးရိုးမှာလဲ ကင်ဆာမရှိပါ။ အဲဒါကို ကျွန်မကျမှ ဖြစ်ရလေခြင်းဆိုပြီး ယူကျုံးမရပါဘူး။ ဖြစ်လာမှတော့ ရင်ဆိုင်ရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ ဘယ်လိုကုထုံးမျိုးတွေက အကျိုးရှိစေနိုင်တယ်ဆိုတာ ညွှန်ပြပေးပါရှင့်။ ဘယ်လိုစားသောက်နေထိုင်သင့်လဲဆိုတာလဲ ညွှန်ကြားပြသပေးပါဆရာ။ ကျွန်မ သတ္တိရှိရှိ ရပ်တည်ရဦးမှာပါ။ ဆရာ့ဆီက အကောင်းဆုံးအကြံဥာဏ်ကို တောင်းခံပါရစေရှင့်။

ရင်သားကင်ဆာဟာ အပေါ်ယံလွှာဆဲလ်အမျိုးအစားကနေ စတင်တယ်။ နို့ရည်ထွက် (ဂလင်း တစ်ရှူး) ကနေဖြစ်လို့ adenocarcinoma လို့လည်းခေါ်တယ်။ Sarcomas အမျိုးအစားကတော့ ရင်သားမှာရှိတဲ့ ကြွက်သား၊ အဆီနဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဖြစ်တာကိုခေါ်တယ်။ တခါတလေမှာ အမျိုးအစား တခုမကရောဖြစ်သေးတယ်။
ရင်သားကင်ဆာကို သူ့ထဲမှာပါနေတဲ့ (ပရိုတင်း) အမျိုးအစားအရလည်း ခွဲခြားနိုင်တယ်။ ဒါ့ပြင် ဟော်မုန်းအရလည်း ခွဲခြားတယ်။ hormone receptor-positive နဲ့ triple-negative တို့ဖြစ်တယ်။

Ductal carcinoma in situ (intraductal carcinoma) DCIS အမျိုးအစားဆိုတာ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာကို ခေါ်တယ်။ မဆိုးလှပါ။ တခြားကိုမပြန့်သေး။ ရင်သားကင်ဆာလူနာသစ်တွေထဲမှာ ၅ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ ပျောက်အောင်ကုလို့ရတယ်။ (DCIS) အဖြစ်အများဆုံးရင်သားကင်ဆာဖြစ်တယ်။ ယူအက်စ်အေမှာ လူနာ ၆ သောင်း နှစ်စဉ်ဖြစ်တယ်။ ရင်သားကင်ဆာစုစုပေါင်းရဲ့ ၂ဝ% ကဒီကင်ဆာဖြစ်တယ်။

အသက်စိုးရိမ်စရာမရှိပါ။ နောင်မှာ ထပ်ဖြစ်မှာကို သတိထားရမယ်။ နောက် ၅-၁ဝ နှစ်မှာဖြစ်တဲ့သူတွေမှာဖြစ်တယ်။ ဖြစ်နှုန်း ၃ဝ% ရှိတယ်။ ကင်ဆာအကျိတ်တခုတည်းသာခွဲထုတ်ပြီး ဓါတ်မကင်သူတွေ ၂၅-၃ဝ% နောင်မှာ ထပ်ဖြစ်နိုင်တယ်။ ဓါတ်ကင်သူမှာ ၁၅% သာရှိမယ်။

ကုသနည်းများ
Lumpectomy followed by radiation therapy အကျိတ်ကိုခွဲထုတ် + ဓါတ်ကင်နည်းကို အများဆုံးလုပ်တယ်။

Mastectomy ရင်သားတဖက်လုံးဖြတ်ထုတ်နည်းကို တချို့လူနာတွေကိုသာ လုပ်တယ်။

Lumpectomy alone အကျိတ်ကိုခွဲထုတ်နည်းတခုတည်း။

Hormonal therapy after surgery ခွဲစိတ်အပြီး ဟော်မုန်းဆေးပေးခြင်း။ DCIS tests positive for hormone receptors အမျိုးအစားကိုသာလုပ်တယ်။

Chemotherapy ကင်ဆာဆေးပေးနည်းမလိုတာများတယ်။

လူနာတဦးချင်းကိုကြည့်ပြီး ကုသနည်းရွေးတယ်။ အသက်မကြီးသေးသူကို ဆေးကုသနည်းမညှာသင့်ပါ။ ပြန်ဖြစ်ချိန် တာရှည်ရှိသူဖြစ်လို့ဖြစ်တယ်။

ဓါတ်ကင်နည်းမှာ တပါတ်မှာ ၅ ရက်၊ ၅-၇ ပါတ်ကင်တယ်။ ပြန်ဖြစ်မှာ ၆ဝ% သက်သာစေတယ်။ ခွဲထုတ်ပြီး ဓါတ်မကင်သူ ၃ဝ% ပြန်ဖြစ်တာတွေ့ရတယ်။

သိတာလည်းစောပြီး ဟော်မုန်းပေးဘို့လိုသူတွေကို Tamoxifen (Nolvadex) ဆေးပေးတယ်။ အလုံးကိုခွဲထုတ်ပြီး ဓါတ်မကင်ပဲလည်း ပေးနိုင်တဲ့လူနာမျိုးရှိတယ်။

Aromatase inhibitors ဆေးအမျိုးအစားတွေဖြစ်ကြတဲ့ Arimidex (anastrozole), Femara (letrozole) နဲ့ Aromasin (exemestane) ကိုလည်း စမ်းသုံးကြည့်နေတယ်။

ကုသမှုပြည့်စုံတဲ့နောက် ၅ နှစ်ကြာအောင် ၆ လကနေ ၁၂ လတခါစစ်ဆေးနေမယ်။ နောက်မှာ တနှစ်တခါသာလိုမယ်။
Mammogram မင်မိုဂရမ်းရိုက်တယ်။

မလိုတာကို ပိုပြီးမစိုးရိမ်ပါနဲ့။ စိတ်ကိုအပြုသဘောဆောင်ပါ။ ကံတရားကိုလည်း အားကိုးပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး