Dyskaryotic Cervix သားအိမ်ဝရောဂါတမျိုး

ဆရာ ဒီအဖြေက ဘာကိုဆိုလိုပါလဲခင်ဗျာ။ လေးစားစွာဖြင့်။ ကာကွယ်ဆေးတော့ထိုးပေးလိုက်တယ်။ အခြေအနေ ကောင်းတယ်ပြောတာဘဲ။ ဘာလဲဆိုတာ သိချင်လို့ပါ။

ဖြစ်တဲ့သူ ကျား-မ မသိပါ။ အသက် မသိပါ။ အမျိုးသမီးသာဖြစ်မယ်။ ဒါပေမယ့် ရာသီ-အိမ်ထောင်ရေး မသိပါ။ ကိုယ်ဝန်-ကလေး မသိပါ။ ဘာခံစားနေရ မသိပါ။

Mild dyskaryotic cytolocy of Cervix လို့ဖတ်ရတယ်။ သားအိမ်ဝ (ခေါင်း) မှာ ဆဲလ်တွေ မူမမှန်ဖြစ်တာ။ ကင်ဆာတော့ မဟုတ်ပါ။ ဒါပေမယ့် သတိထားစစ်ဆေးနေရမယ်။ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်းမှာ ယာယီပြောင်းလည်း ရှိတတ်တယ်။ အသက်ငယ်စဉ်မှာတွေ့တာ မစိုးရိမ်ရပါ။

အသင့်အတင့်လို့ ရေးထားတယ်။ အသင့်အတင့်က အဆင့်အနိမ့်ဆုံးဖြစ်ပါတယ်။ Electrocautery လျှပ်စစ်နည်း၊ Cryocautery အေးခဲနည်းနဲ့ Loop excision ခွဲစိတ်နည်းတွေနဲ့ ကုသနိုင်ပါတယ်။

Dyskaryosis ဖြစ်တာဟာ human papilloma virus (HPV) ခေါ် လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ကနေ ဆက်ဖြစ်တတ်တယ်။ type 16 and type 18 အမျိုးအစားတွေကနေ အဖြစ်များတယ်။ အဲတာမျိုးတွေက လိင်ကတဆင့်ကူးစက်တယ်။ အသက် ၂၆ နှစ်အောက် အမျိုးသမီးတွေ သားအိမ်ဝကင်ဆာကာကွယဆေးဆိုတာ အဲဒီပိုးတွေကနေကာကွယါပေးတာဖြစ်တယ်။ ကာကွယ်ဆေးမထိုးခင်က ကူးစက်ခံထားရရင်တော့ မကာကွယ်နိုင်ပါ။ ဆောရီး။ ကုသရင် ပြန်မဖြစ်သလောက် ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး