အရာရှိ သတ်ပုံ

ဆရာ ကျမလုပ်ငန်းစီမံချက်စာအုပ်ရှေ့ဖုံးမှာ တနှစ်ပတ်လုံးလို့သုံးထားတာကို မှားတယ်တဲ့။ တစ်နှစ်ပတ်လုံးလို့ ပြင်ရေးရန် မြန်မာစာဘာသာရပ်အကြီးအကဲ (ခရိုင်းရုံးမှ) မှ ညွှန်ကြားခဲ့ပါတယ်။ ကျမမမှားဘူးလို့ ယူဆလို့ဆရာ။ ရှင်းပြ (အမှန်ကို အတည်ပြု) ပေးပါလားရှင့်။

မြန်မာ့စွယ်စုံကျမ်းကိုသာ ကိုးကားဖြေပါရစေ။

ကမ္ဘာပေါ်တွင် အီကွေတာဖြတ်သွားသော အရပ်ဒေသများသည် တနှစ်လုံး ပူပြင်း၍ လေသည်အထက်သို့တက်သဖြင့် ဖိအားနည်း၏။

တကမ္ဘာလုံး အသုံးပြုသည့် လက်ဖက်ခြောက်မှာ တနှစ်တနှစ်လျှင် ပေါင်ချိန် ကုဋေပေါင်းများစွာပင်ရှိလေသည်။

တနှစ်လုံး အမှန်။ တနှစ်တနှစ်လျှင် အမှန်။ ကျွန်တော်က အရာရှိမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး