End of the World ကမ္ဘာကြီး ပျက်သုဉ်းခန်း

လွန်ခဲ့တဲ့ ၅ နှစ်က ကမ္ဘာကြီးပျက်စီးကိန်းဆိုက်တော့မယ်လို့ နိမိတ်ဆိုးဖတ်တာ ခေတ်စားခဲ့တယ်။ အဲလို မကြာမကြာ အထိတ်တလန့်ဖြစ်အောင် လုပ်တတ်ကြတာ လူ့စိတ်သဘောဖြစ်တယ်။

၂၁-၁၂-၂ဝ၁၂ နေ့မှာ ပျက်မယ်လို့ ဟောကိန်းထုတ်ကြတယ်။ ကမ္ဘာကြီးတော့ မပျက်ခဲ့ပါ။ ဒါပေမဲ့ မတိုင်ခင်ရက်တွေမှာ အံ့သြတုန်လှုပ် အော့နှလုံးနာစရာတွေ ကမ္ဘာ့ လေးနေရာနဲ့ ဘာသာတရားကြီး လေးခုလုံးမှာ ဖြစ်သွားခဲ့ပါတယ်။

(၁) ၂၉-၁၁-၂ဝ၁၂ မနက်မလင်းခင် မြန်မာနိုင်ငံ၊ လက်ပန်းတောင်းဒေသမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြတဲ့ ရဟန်းသံဃာတော်တွေကို တခါမှမကြုံဘူးတဲ့ မီးလောင်စေတဲ့လက်နက်ဆန်းသုံးပြီး ဖြိုခွင်းနှိမ်နင်းခဲ့တယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၂) ၁၅-၁၂-၂ဝ၁၂ နေ့က အမေရိကား၊ ကွန်နက်တီးကပ်စ်မှာ သေနတ်သမားတဦးက မူလတန်းကျောင်းသားလေးတွေ အပါအဝင် ၂၆ ယောက်ကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တယ်။ ခရစ်ယာန်ဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၃) ၁၅-၁၂-၂ဝ၁၂ နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ဆေးပညာကျောင်းသူ တယောက်ကို လူ ၆ ယောက်က အုပ်စုလိုက် အဓမ္မကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ မသေမရှင်ပြစ်ချခဲ့တယ်။ ဟိန္ဒူဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၄) ၁၈-၁၂-၂ဝ၁၂ နေ့က ပါကစ္စတန်မှာ တာလီဘန်တွေက ပိုလီယိုကာကွယ်ဆေး နယ်လှည့်တိုက်ကျွေးနေတဲ့ အမျိုးသမီး ၅ ယောက်ကို ပြစ်သတ်ခဲ့တယ်။ အစ္စလမ်ဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

ပြစ်မှုကျူးလွန်ကြသူတွေဟာ လူမဆန်အောင် ရက်စက်သူတွေအဖြစ် လူ့သမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဘာသာကြီးတွေရဲ့ အားနည်းချက်ကိုလည်း သက်သေပြရာကျတယ်။

တချို့က ဘာသာကို အကာအကွယ်ယူကြတယ်။ ကိုယ်တိုင်က မဟုတ်မမှန်ဖြစ်နေလို့ကတော့ ထန်းလက်နဲ့ ကာတာသာမက သူအကာအကွယ်ယူတဲ့ဘာသာတရားကိုပါ စော်ကားရာကျတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၂
၂၂-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး