Exercise boosts sperm count

လေ့ကျင်ခန်းလုပ်ခြင်းသည် သုက်အားကောင်းစေနိုင်

မေးခွန်းတွေ မကြာခဏဖြေရပါတယ်။ သုက်အားနည်းနေသူတွေ၊ သုက်တကောင်မှမရှိသူတွေ၊ သားသမီး မရနိုင်သေးသူတွေ။ လွန်ခဲ့တဲ့ နာရီပိုင်းကထွက်တဲ့ ဆေးသုတေသနသတင်းတခုမှာ လေ့ကျင်ခန်းလုပ်ခြင်းကနေ သုက်အားကောင်းစေနိုင်တယ်လို့ဆိုပါတယ်။ ပုံမှန် ယောက်ျား ၂၆၁ ယောက်ကိုလေ့လာခဲ့ပါတယ်။ တကြိမ်လုပ် နာရီဝက်နဲ့ တပတ်မှာ ၃ ရက်လုပ်ပါ။ သုက်ကောင်ရေ ပိုများစေတယ်။ အဲလိုများလာတာက ယာယီသာဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်တာ များပြန်ရင်လည်း မကောင်းပြန်ပါ။ အားကစားအပြင်းအထန်လုပ်သူတွေမှာ သုက်ပိုးအရေအတွက် နည်းနေတာတွေ့ရတယ်။

ကျားအစိနေရာ အေးနေတာကောင်းတယ်။ အတွင်းခံကြပ်မနေတာကောင်းတယ်။ ရေနွေးပူချိုးတာ မသင့်ပါ။ လိင်ကတဆင့်ကူးစက်ရောဂါ မကူးစက်အောင်ရှောင်ပါ။ ဆေးလိပ်၊ အရက်မသင့်ပါ။ စပမ်းခေါ် သုက်ပိုး (စီမင် ခေါ် ကနဦးအရည် မဟုတ်) ကိုစစ်ရင် အရေအတွက်ရော အရည်အသွေးကိုပါစစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၆
http://www.bbc.com/news/health-38206920

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး