Fifth Grader ပဉ္စမတန်းကျောင်းသား

ကွန်မင့်တခု ရတယ်။ တနှစ်တိတိရှိပြီ။ မြန်မာစာကိုသိပ်ချစ်တဲ့ဆရာ။ မြန်မာစာက တော်တော်ကိုအားနည်းနေပြီနော်ဆရာ။ ဆရာ့ page ဖတ်ရတာ တော်တော်ဗဟုသုတရပါတယ်တဆရာ၊။ ကျေးဇူးလည်း တင်ပါတယ်။

ရိုးရိုးပဲ ကြည့်မြင် ပြောဆိုရအောင်။ ကျွန်တော်က မြန်မာစာကို ထူးပြီးချစ်နေတာတော့ မဟုတ်ပါ။ သမိုင်းတွေရေးတာလည်း သမိုင်းမေဂျာဘွဲ့ရထားသူကို ယူထားလို့ မဟုတ်ပါ။ ဟိုနိုင်ငံ သည်နိုင်ငံအကြောင်းလေးတွေရေးတာ ပထဝီမဟုတ်လား။ အင်္ဂလိပ်စာလည်း နည်းနည်းပါးပါးရေးတယ်။ အဲတာတွေအကုန် ငါးတန်းကစသင်ခဲ့ရတာတွေချည်း မဟုတ်လား။ ဆေးပညာကတော့ ထားပါတော့။

လူမျိုးအကြောင်းရေးမှ မျိုးချစ်သလိုလို၊ ဘာသာရေးအမွှမ်းတင်မှ ကိုယ့်ဘာသာစစ်သလိုလို။ အဲတာလည်း မွေးကတည်းက မဟုတ်လား။ နိုင်ငံရေးတော့ ထားပါတော့။

ကျွန်တော်က သူများထက် ထူးတာမရှိပါ။ အဲ့ စာတော့ ကျေတယ်။ ငါးတန်းစာ။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၆
၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး