Ovum or Sperm မျိုးဥ

ကနေ့တော့ အဆင်မချောတာတွေ သိပ်မလာပါ။ မေးခွန်းတွေကို ကျွန်တော်ကနိုင်တယ်။ ခါတိုင်းတော့ မောနေအောင် နောက်ကအမီလိုက်နေရတာ။ အဆင်မချောတာ မလာတာတော့ မဟုတ်ပါ။ 

၃၄ နှစ်၊ ကျား၊ ကျွန်တော်အိမ်ထောင်ကျတာ ၇ နှစ်ရှိပါပြီ။ ဇနီးကိုစစ်တော့ကောင်း။ ကျွန်တော့်ကိုစစ်တာ မျိုးဥမကြွေဟု သိရပါသည်။ ဆေးစားဆေးသောက်ရင် ရနိုင်ပါသေးလားဆရာလို့ မနေ့ကမေးတယ်။

အမျိုးသားမှာ မျိုးဥ မထွက်ပါလို့ဖြေခဲ့တာ ကနေ့တခါ -

ဆရာ ကျွန်တော် ဘာဆက်လုပ်သင့်ပါသလဲတဲ့။

ယောက်ျားတွေမှာ ဘယ်သူမှ မျိုးဥမထွက်ပါလို့ဖြေထားပြီး။ တကယ်ဘာဖြစ်နေသလဲ ဆေးစစ်ချက်ဖတ်မှသာ သိနိုင်လို့ ထပ်ဖြေပါတယ်။ နက်ဖြန်မှာ ဘာလာအုန်းမယ်တော့ မသိ။

အမျိုးသမီးတွေမှာသာ လစဉ် မျိုးဥထွက်တယ်။ ယောက်ျားမှာ သုက်ပိုးထွက်ပါတယ်။ (ကန်တော့ပါ) မျိုးဥမထွက်တဲ့ အမျိုးသမီးရော သုက်ပိုးမထွက်တဲ့ အမျိုးသားပါ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၆
ည (မနက်) ၁ နာရီ၊ ၂၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး