Green poos ကလေး ဝမ်းစိမ်းသွားခြင်း

ခဏခဏမေးကြတယ်။ မစိုးရိမ်နဲ့။ ကလေးတွေဝမ်းသွာတာ အရာင်ကအရေးမကြီးပါ။ အကြိမ်ရေသာ အရေးကြီးပါတယ်လို့ ဖြေပါတယ်။ ကလေးငယ်တွေ ဝမ်းအရောင်စိမ်းတာ ကလေးကိုယ်အလေးချိန်တက်တက် မတက်တက် စိုးရိမ်စရာမရှိပါ။ မိခင်နို့တမျိုးတည်းသာတိုက်ရင် ပိုဖြစ်နိုင်တယ်။

မိခင်နို့မှာ အစထွက်တာထဲ နို့ထက် ရေကများနေရင် ကလေးအစာလမ်းကတောင်းမယ်။ ကလေးငိုမယ်။ အဲဒီအခါမျိုးမှာ ဝမ်းစိမ်းမယ်။ မိခင်က သံဓါတ်အားဆေးနဲ့ ပိုးသေဆေးသောက်နေရင်လည်း ဖြစ်တတ်တယ်။ အဲတာလည်း စိုးရိမ်စရာ မဟုတ်ပါ။ ကလေးကို ကော်ဖီမတိုက်ပါနဲ့။ ကေဖင်းဓါတ်က သည်းခြေရည်ပိုထွက်စေတယ်။ ဝမ်းသွားချင်လာမယ်။ ဝမ်းအရောင် စိမ်းမယ်။

ကလေးမှာ နှင်းကူနာလို မတည့်တဲ့အနာရှိနေရင် ဆရာဝန်ပြပါ။ ကလေးမှာ ဝမ်သွားတဲ့အကြိမ်များရင် ဆရာဝန်ပြပါ။ ကလေးက နို့ထဲပါတဲ့ လက်တို့စ်သကြားဓါတ်မခံနိုင်သူဆိုရင် ဝမ်နို့စို့ပြီးတိုင်း ဝမ်းလျှောမယ်။ ဗိုက်နာပြီး ဝမ်းစိမ်းမယ်။ ဆရာဝန်ပြပါ။ မိခင် အစားအသောက်မှာ ပြည့်ဝ + မျှတပါစေ။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး