Happy Burmese ဟက်ပီးကြပါသလား

မြန်မာပြည်မှာတော့ ဟက်ပီးနေကြပြီ။ ကျွန်တော့်ဆီက မပီးရသေးပါ။ အခုစာရေးနေချိန်က ၃၁ ရက်နေ့ မနက်။ မနက်ထတာနဲ့ အီးမေးလ်ကမေးတာတွေကို ဖြေတယ်။ ၉ ယောက်ဆီကမေးတယ်။ ၄ ယောက်ကို သတ်ပုံပြင်ရတယ်။

၁။ ဆရာ ကျွန်မ အသက် ၅၈ နှစ်ပါ။ ဗိုက်အောင့်အောင့်နေလို့ အက်ထွာစောင်းရိုက်ကြည့်တာ သည်းခြေအိတ်မှာကျောက်တည်နေတယ်လို့ သိရပါတယ်ရှင့်။့

အာလ်ထွာဆောင်းလို့ ရေးရတယ်။ အာထွာဆောင်းလည်း ရတယ်။ စောင်း မဟုတ်။

၂။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ပါ။ အိမ်ထောင်သက်တမ်း ၇ လပါ ။ အိမ်ထောင်ကျစက iud ၃ လ သားအိမ်မှာ ထည့်ဖူးပါတယ်။ ၃ လပြည့်တော့ ပြန်ထုပ်ထားပါတယ်။့

ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။ ထုပ်ဆိုတာ အထဲမှာသိမ်းထုပ်ထားတာ။ ထုတ်ကမှ အပြင်ကိုထုတ်တာ။

၃။ အသက် ၂၆ အိမ်ထောင်ရှိပါတယ်။ tv ဖြစ်လို့ ဆေး ၆ လသောက်နေရပါတယ်။ တစ်ခုမေးချင်လို့ပါဆရာ။ tv ဆေး သောက်နေရင် ကလေးယူလို့ရပါသလား။ ပုံမှန်တွေးကြည့်ယုံနဲ့ ကလေးမယူသင့်တာတော့သိပါတယ်ရှင့်။ သေချာ သိချင်လို့ပါရှင့်။ နောက် အရိုး tv ဖြစ်ရတဲ့ အကြောင်းကိုလည်းသိချင်ပါတယ်။

TB တီဘီလို့ ရေးရတယ်။

၎။ ကျွန်တော် အသက် ၂၉ နှစ်ပါ။ ယောက်ျားလေးပါ။့ လက်မှာ အနီစက်တွေ နောက်ကြောမှ အနီအဖု နည်းနည်း ထွက်လာတယ်။

နောက်ကျောလို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး