Hiatal hernia ဟာနီယာတမျိုး

ကနေ့လာတဲ့မေးခွန်း = မင်္ဂလာပါ ဆရာ။ ကျား ၂၇ နှစ်။ ပြီးခဲ့တဲ့သုံးလလောက် က haematemrsis ရဖူးပါတယ်။ fresh blood 5 cc လောက်ပါ။ တခါပဲ အန်ပါတယ်။ ခုမှ OGDS ကြည့်ဖြစ်တာပါဆရာ။ Result နဲ့ ပုံပို့ပေးလိုက်ပါတယ်။ အခြေအနေကို တိတိကျကျ သိချင်လို့ပါ ဆရာ။ နောက်ရက်မှ ဆေးရုံတခေါက်ထပ်သွားရမှာမို့ပါ။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်။

အဖြေစာမှတ်ချက် ကောင်းကောင်းဖတ်မရ။ ဆောရီး။

Provisional Diagnosis--->Haematemesis
Oesophagus--->Normal
--->Small sliding hiatus hernia of fundus
--->Complete mucosal inflammation at antrum
P-ring--->Intact
Duodenum--->Normal up to D2
Endoscopic Diagnosis--->(1) small hiatus hernia (2) moderate antrum gastritis

အဲ့အတိုင်း ရေးထားတယ်ဆရာ။

၁၁-၁၂-၂ဝ၁၆ နေ့ကလာတဲ့မေးခွန်း = ဆရာ အကြံဉာဏ်လေးတောင်းချင်လို့ပါ။ လက်ရှိမှာ hiatal hernia ခံစားနေရပါတယ်ဆရာ။ အဲဒါလေးနဲ့ ပတ်သက်ပြီး အမြစ်ပြတ်အောင် ကုသချင်ပါတယ်။ ဆရာရှိတဲ့ ဆေးခန်းကဘယ်မှာလဲ သိပါရစေဆရာ။ ဆရာ မြန်မာပြည်မှာလား နိုင်ငံခြားမှာလားဆရာ။

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

နံမည် မ့ ။ အသက် ၃၅။ လက်ရှိနေရပ့့် (ခေတ္တ)။ ရောဂါဖြစ်နေတာ ၂၀၁၁ ကတည်းကပါဆရာ။ အပေါ်ကတော့ ဒီမှာ scope ကြည့်ထားတဲ့ အဖြေပါဆရာ။ ၂၀၁၃ လောက်က အလုပ်ဆက်မလုပ်နိုင်တော့လို့  မြန်မာပြည်ကို တနှစ်ခွဲလောက် ပြန်နားလိုက်ပါတယ်ဆရာ။ နောက်ပိုင်းကျတော့ ဗိုက်မဆာခင် ကြိုပြီး စားပေးတော့ အလုပ်ကလေးနဲနဲ ပြန်လုပ်လို့ ရလာတယ်ဆရာ။ ဒါပေမယ့် ရုံးထိုင်ပဲလုပ်လို့ ရတယ်ဆရာ။ အပြင်တွေ သွားလို့မရဘူး။ ကားစီးလို့ မရဘူး။ မနက်တိုင်း အစာဆာခါနီးတိုင်း အန်ချင်တယ်ဆရာ။ မစားရင် အန်ပါတယ်ဆရာ။ အိပ်ရေးပျက်ခံလို့ လဲမရပါဘူးဆရာ။ အစာအိမ်အောင့်တာ ဘာညာမရှိပါဘူးဆရာ အဲဒီ Small hiatal hernia  ကို မြန်မာပြည်မှာ ကုလို့ ရနိုင်မယ့် ဆရာဝန်ရှိရင် လမ်းညွှန်ပေးပါဆရာ။

လူတိုင်းမှာ ဖိအား-တွန်းအား-ဆွဲအား သက်ရောက်ခံရတိုင်း ကိုယ်အတွင်းထဲကအင်္ဂါအစိတ်အပိုင်းတခုခုဟာ အားနည်းတဲ့နေရာတိုင်းဆီကို အားနဲ့တွန်းပို့တာခံရတယ်။ အားနည်းတဲ့နေရာတိုတာ အပေါက်သဘောရှိနေတာမျိုး။ အဲဒီအပေါက်ကနေ အပြင်ထွက်တာမှန်သမျှကို ဟာနီယာလို့ခေါ်တယ်။ နှုတ်ကျိုးနေကြတာ အူကျတာ၊ အူကျွံတာ။

Hiatal hernia ဟိုင်ယေးတပ်စ် ဟာနီယာဆိုတာ အဲဒါတွေထဲကတခုဖြစ်တယ်။ ဝမ်းဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားတဲ့ ဒိုင်ယာဖရမ်ခေါ် ကြွက်သား ပြားပြားခုံခုံးကြီးမှာဖြစ်တယ်။ အဲဒီကြွက်သားကြီးမှာ အထက်ရင်ခေါင်းပိုင်းကနေ ဝမ်းဗိုက်ထဲ ဆင်းလာတဲ့ အစာမျိပြွန်ဝင်ရတဲ့အပေါက်တခုရှိတယ်။ အံကျဖြစ်ရာ နည်းနည်းကျယ်နေရင် အူကျွံတာဖြစ်နိုင်တယ်။ အူတော့မဟုတ်ပါ။ အစာအိမ်။ hiatus hernia လို့လည်းခေါ်တယ်။

အမျိုးအစား (၂) ခုရှိတယ်။ sliding နဲ့ paraesophageal ဖြစ်တယ်။ sliding hiatal hernia ဆိုတာ အစာမျိုပြွန် အစိတ်အပိုင်းလေးက အထက်တက်လာတာ။ အထက်ဆိုတာ ရင်ခေါင်းပိုင်း။ ရင်ခေါင်းပိုင်းထဲမှာ အလယ်ကနှလုံးနဲ့ ဘေးမှာ အဆုတ်နှစ်ခုနဲ့အတူ သွေးကြောတွေ၊ အာရုံကြောတွေနဲ့ လင့်ဖ်နုတ်ခေါ် တက်စေ့တွေရှိတယ်။ ဒီအမျိုးအစားက ပိုဖြစ်တယ်။ paraesophageal hernia ကအဖြစ်နည်းပေမယ့် ပိုပြီးစိုးရိမ်ရတယ်။ ဆောရီး။ အစာအိမ်အစိတ်အပိုင်းက အထက်တက်လာပြီး အဲဒီအစာအိမ်အပိုင်းအစရော အစာမျိုပြွန်ပါတက်နေကြမယ်။ ကံဆိုးရင် အထက်ထက်နေတဲ့ အစာအိမ်အစိတ်အပိုင်းဆီ သွေးမရဖြစ်တတ်တယ်။ ပေါင်ခြံအူကျတာမှာလည်း ဒီလိုဖြစ်ရင် အရေးပေါ်ခွဲစိတ်ရတယ်။

လူအတော်များများမှာ ဒီလို အူကျွံတာရှိနေပေမယ့် မခံစားရပါ။ တချို့မှာ ရင်ပူတာနဲ့ GERD ခေါ် အစာခြေရည် အထက်ဆန်းတာခံစားရမယ်။ GERD ရှိတိုင်းလည်း မဖြစ်။ ဖြစ်တိုင်းလည်း GERD မရှိ။

ဘာလို့ဖြစ်သလဲ အသိရခက်တယ်။ အစကတည်းက အပေါက်နေရာ သူများထက်ကျယ်နေသလား။ ဗိုက်ဖိအား များများ ခံထားရသလား။ ဥပမာ ကိုယ်ဝန်၊ တာရှည်ချောင်းဆိုးခြင်း၊ ဗိုက်ညှစ်ရတဲ့ အလုပ်၊ လေ့ကျင့်ခန်း။ ဝမ်းချုပ်သူ။ ဝသူ။ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ ဆောရီး။

ကုသဘို့လိုအပ်ရင် ခွဲစိတ်ရတယ်။

GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁) http://doctortintswe.blogspot.com/2014/12/gerd.html
Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၆
၂-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး