HIV Be Honest! ကူးစက်တဲ့ ဖူးစာ

ဆရာခင်ဗျား ချမ်းသာတဲ့ HIV ပိုးရှိလူနာ လူပွေတယောက်နဲ့ ပညာတတ် အဖိုးတန်မိန်းကလေးတယောက် စေ့စပ်လိုက်တယ်။ ၂ ယောက်စလုံးကိုယ့် လူနာတွေပါ။ အသိပေးသင့်သလားဆရာ။ ကျင့်ဝတ်အရ ဘယ်လိုနေမလဲဆရာ။

ဆရာရေ့ ကျွန်တော်လည်း အဆုံးအဖြတ်ပေးနိုင်သူ မဟုတ်ပါ။ သမားကျင့်ဝတ်ထဲမှာလည်း ရေးမထားသေးလို့ ထင်ပါတယ်။

How to live with HIV-positive person အတူနေမယ် မကူးစေရစာကို ကျွန်တော်ရေးထားတယ်ဆရာ။ အချက် (၅) ချက်ထဲမှာ ပဌမဆုံးအချက်ကတော့ အခြေအနေမှန်ကို ရှင်းရှင်းသိနေကြအောင် ပွင့်ပွင့်လင်းလင်းပြောပါ။ စိုးရိမ်တာရှိသမျှ ထုတ်ပြောပါ။ တယောက်အပေါ်တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ် ဆုံးဖြတ်ချက်မချပါနဲ့။

အဲလို လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါရှိနေသူတွေကနေ မေးကြပါတယ်။ HIV ရှိသူ၊ အသည်းရောင်ဘီပိုးရှိသူ။ ပိုးရှိနေသူက ဘယ်လိုဆင်ခြင်သင့်ပါသလဲ မေးကြတယ်။ အိမ်ထောင်ပြုသင့် မသင့်လည်းမေးကြတယ်။ အဲတာတွေက ကောင်းတယ်။

ကျွန်တော်တို့ဆရာဝန်တွေတာဝန်ကတော့ သူများအိမ်ထောင်ရေး၊ လူမှုရေးမှာ ဝင်ပါဘို့တော့ မသင့်ဘူးပေါ့။ ကူးစက်ရောဂါ မပြန့်ပွားရေးဖက်ကတော့ နေကြရမှာပဲ။ ဒါပေမယ့် ပြောပြန်ရင် ဘယ်ဖက်ကမှ အကောင်းမြင်မခံရလောက်ဘူးထင်တယ်။ ကျွန်တော်တို့က ဆေးပညာအရ ရိုးရိုးပြောကြပေမယ့် အဆိုးထင်ခံရမှာ သေချာတယ်ဆရာ။ တချို့လူတွေရဲ့ ဖူးစာမှာ ကူးစက်ရောဂါလည်းပါတယ်လို့ ဖြည့်ပြောကြစို့လားဆရာ။

သူတို့ထဲက တယောက်ယောက်နေ မေးလာရင်တော့ ကျွန်တော်ရေးထားတဲ့စာကို ချက်ချင်းပို့ပေးလိုက်မယ်ဗျာ။ အဲ့ နောက်တော့ကျနေပြီပေါ့။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး