HIV Tests စမ်းသပ်နည်းများ (၄)

• အများဆုံးသုံးတာက Antibody screening test (Immunoassay) နည်းဖြစ်တယ်။ အင်တီဘော်ဒီရှိ မရှိ စစ်တာဖြစ်တယ်။ အင်တီဘ်ေဒီဆိုတာ ရောဂါပိုးတခုခုဝင်တာနဲ့ ကိုယ်ကနေ ခုခံတဲ့ဓါတ်ထုတ်ပေးတယ်။ အဲတာကိုလိုက်ရှာတယ်။ ရောဂါပိုးတမျိုးအတွက် အင်တီဘော်ဒီတမျိုးရှိတယ်။ ကိုယ်ခန္ဓာအရည်တခုခု (ခံတွင်းရည်) ကိုစမ်းတယ်။
• Antigen/Antibody combination tests အင်တီဂျင် (ဗိုင်းရပ်စ်ရဲ့အစိတ်အိပုင်း) ရော အင်တီဘော်ဒီရော တွဲပြီး စစ်နည်းကို ဗိုင်းရပ်စ်နဲ့တွေ့ပြီး ၃ ပတ်မှာစိမ်းလို့ရပြီ။ သွေးကိုသာစမ်းရတယ်။
• Rapid test အမြန်စမ်းနည်းဆိုတာလည်း Immunoassay နည်းဖြစ်တယ်။ မိနစ် ၃ဝ နဲ့သိတယ်။
• Window period ခေါ် အင်တီဘ်ေဒီနည်းသေးလို့ စမ်းမတွေ့နိုင်သေးတဲ့အချိန်ကာလအတွင်းမှာ စမ်းရင် ပိုးဝင်ခံထားရလည်း အနုတ်သာပြမယ်။ အပေါင်းပြသူတိုင်းကို သေချာတဲ့ နောက်စမ်းသပ်နည်း ထပ်စမ်းရမယ်။
• Follow-up tests ခေါ်တယ်။ HIV-1 ကဖြစ်စေတဲ့အင်တီဘော်ဒီနဲ့ HIV-2 ကဖြစ်စေတဲ့အင်တီဘော်ဒီခွဲသိမယ်။
• HIV-1 nucleic acid test ဆိုတာက ဗိုင်းရပ်စ်ကိုစစ်တာဖြစ်တယ်။
• Western blot သို့ Indirect immunofluorescence assay ဆိုတာက အင်တီဘော်ဒီကိုစစ်တာ။
• Home HIV tests အိမ်မှာတင် ကိုယ်တိုင်စမ်းနည်း ၂ ခုရှိတယ်။ Home Access HIV-1 Test System နဲ့ OraQuick In-Home HIV test တွေဖြစ်တယ်။ FDA-approved အသိအမှတ်ပြုထားတာကိုသာရှာဝယ်သုံးပါ။
• RNA tests ဆိုတာက ဗိုင်းရပ်စ်ကိုရှာတာဖြစ်တယ်။ ပိုးကူးစက်ခံရပြီး (၁ဝ) ရက်မှာစမ်းနိုင်ပြီ။ ပိုးကသွေးထဲ ရောက်နေချိန်၊ အင်တီဘ်ေဒီလည်း မထွက်လာသေးချိန်မှာစမ်းတယ်။
• Antigen/Antibody test စတုတ္ထမျိုးဆက်စမ်းနည်းကို (၄) ပါတ်မှာစမ်းနိုင်တယ်။ ၉၅% သေချားတယ်။ (၃) လမှာစမ်းရင် ၉၉့၉% သေချာမယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး