မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, December 10, 2016

Hives အင်ပြင်ထွက်ခြင်း

ဆရာရှင့် ကျွန်မအဖေက အသက်၇၂ နှစ်လောက်ရှိပါပြီ. လွန်ခဲ့သော နှစ်နှစ်လောက်ကစပြီး အင်ပြင်လိုထပြီး ယားယံခြင်းဝေဒနာတွေ မကြာမကြာ ခံစားနေရပါတယ်။ မနက်စောစောပိုင်းနဲ့ ညဦးပိုင်းတွေမှာ ပိုဖြစ်တယ်လို့ ပြောပါတယ်ရှင့်။ ဆေးခန်းတွေသွားပြတော့ ဆရာဝန်တွေကဆေးပေးပါတယ်။ ဆေးသောက်နေစဉ်မှာ သက်သာပြီး ဆေးမသောက်ရင်ပြန်ဖြစ်ပါတယ်။ အဲလိုနဲ့ဆေးခန်းပေါင်းစုံသွားပြီ။ ဆေးသောက်နေတာ ၂နှစ်လောက်ရှိနေပါပြီ။ လွန်ခဲ့သော ၃ လ ၄ လ လောက်ကစပြီး ထိုင်းကလာတဲ့ဆေးတစ်မျိုးကို ပြောင်းသောက်နေတယ်လို့ပြောပါတယ်ရှင့်။ ဆေးက လက်ရှိမှာ တနေ့ ၂ လုံးသောက်နေတယ်လို့ သိရပါတယ်ရှင့်။ အဲဆေးကို ထိုင်းမှာနေနေတဲ့ အမက ညွှန်းလိုက်တာပါ။ ကျွန်မ စိတ်ပူတာက ဘာရောဂါဖြစ်နေမှန်း တိတိကျကျမသိဘဲ ဆေးတွေစွဲသောက်နေပြီး side effects ဖြစ်မှာကိုပါဆရာ။ ဆရာဆီက အကြံဥဏ်များကို လေးစားစွာစောင့်မျှော့်လျှက်ပါ။ ကျေးဇူးတင်စွာဖြင့်

သတ်ပုံတွေပြင်လိုက်ပါတယ်။ ဆောရီး။ Allergy အလာဂျီရရင် ၂ မျိုးဖြစ်မယ်။ Urticaria (Hives) ယားတဲ့ အင်ပြင် ခေါ် အနီပြင်တွေထွက်တာနဲ့ Hay Fever ခေါ် နှာချေ၊ Allergic rhinitis နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။

အကြောင်းရင်းတွေရှာရင် ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။
ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride (Amaryl)၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides (Septein) နဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ်ဖြစ်တတ်တယ်။ မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေ ပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်) စိတ်ဖိအားကနေဖြစ်တာ၊ အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊ အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။

(အလာဂျီ) အများဆုံးဖြစ်စေတဲ့ အရာ (၁ဝ) မျိုး
၁။ နို့၊
၂။ မြေပဲ၊ ပဲပုပ်၊
၃။ ဥ၊
၎။ အစေ့အဆံများ၊
၅။ သန်ကောင်၊
၆။ ငါး၊ ပင်လယ်စာ၊
၇။ ဂျုံ၊
၈။ ဆပ်ပြာ။
၉။ ပန်းဝတ်မှုံ၊
၁ဝ။ ရာဘာ (လေးတက်စ်)။

အများဆုံးသုံးရတဲ့ဆေး
Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ (စီထရက်ဇင်း) ဟာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။

ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်သက်ရောက်မှုတွေ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။ ဆေးတိုင်း အားဆေးတွေအပါအဝင် ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ အကျိုးကပိုရင် ဆေးသုံးရပါတယ်။

အနီပြင်၊ အထုအပိန့်၊ အင်ပြင်ထနေတာကို Cetirizine ဆေးတမျိုးတည်းနဲ့မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါထိုးပေးရတတ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ မတည့်တာတွေ စစ်လို့ရတယ်။ တချို့ဆို စာရွက်တမျက်နှာအပြည့် မတည့်တာထွက်လာတယ်။ မတည့်တာနဲ့တွေ့ရင် ပြန်ဖြစ်တယ်။ ဆောရီး။

စာတွေဖတ်ပါ ကြာရင် (အလာဂျီ) ကို ဆရာဝန်ထက်ပိုသိသူ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အကြောင်းကိုသိမယ်။ တချို့မှာ အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲ ရှိပါတယ်။ ကျွန်တော် ဆေးကျောင်းတက်စမှာ မန္တလေး ဘူတာကြီး ကရတဲ့ ကျောက်မီးသွေးအနံ့နဲ့ ဆောင်းရာသီ အအေးဓါတ် တွဲနေတာကို သိပ်သဘောမကျပါ။

1. Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
3. Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
4. Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
5. Allergy drug may have potential against Hep C
6. Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
7. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
8. Allergy testing (အလာဂျီ) စစ်ဆေးခြင်း
9. Allergy to Eczema မတည့်တာနဲ့ နှင်းကူနာ
10. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html
11. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်
12. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
13. Asthma and allergy devices not used properly
14. Mango Skin Allergy သရက်သီးခွံ အလာဂျီ

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.