Hluttaw လွှတ်တော်သမိုင်း

ပြည်တွင်းမှာနေတဲ့ တူမတယောက်၊ နေပြည်တော်က လွှတ်တော်ရှေ့မှာ ဓါတ်ပုံရိုက်ပြီး လွှတ်တော်ရှေ့ဆုံးတန်းမှာ ထိုင်ရသူလိုလိုဆိုပြီး ရီစရာရေးတယ်။

တူမဦးလေးက လွှတ်တော်အမတ် တရားဝင်ဖြစ်ပေမယ့် လွှတ်တော်အရိပ်တောင် မခိုဘူးပါ။ သူများတိုင်းပြည်တွေက လွှတ်တော်တွေမှာတော့ ဧည့်သည်တောင်လုပ်ခဲ့ရပါတယ်။

နီပေါလွှတ်တော်မှာ ဂယ်လရီမှာထိုင်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကနေ ကျွန်တော်ရောက်ရှိနေကြောင်း ကြေညာတယ်။

ကမ္ဘောဒီယားလွှတ်တော်၊ သီရိလင်္ကာလွှတ်တော်နဲ့ အင်ဒိုနီးရှားလွှတ်တော်တွေမှာတော့ အိမ်ရှင်အမတ်တွေနဲ့အတူ ရောက်ရဘူးတယ်။

အမေရိကန်ဆီးနိတ်တွေမှာတော့ မြန်မာ့အရေးကြားနာပွဲတက်ရတယ်။

တိဘက်အဝေးရောက်လွှတ်တော်ကိုလည်း အထူးဧည့်သည်အဖြစ် တကူးတကဖိတ်လို့ လေ့လာခဲ့ရတယ်။

မြန်မာပြည်မှာက လွှတ်တော်အမတ်ကို မဲပေးသူတွေကရွေးပေမယ့် ကံဇာတာမပါရင် တက်ခွင့်မရပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ လွှတ်တော်သမိုင်းရေးကြရင် ကျွန်တော်လိုလူပေါင်း ၄၈၅ ယောက်ရှိတာကို ချန်မထားကြပါနဲ့။

2-8-09 Dr. Tint Swe (NCGUB), B Bhusan Tiwari (Indian MP) & Kim (BCD) in front of Nepal Parliament
13-8-09 in Indonesian Parliament
15-12-06 Visiting Nepal Parliament

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး