KTV ကေတီဗွီ

(ကန်တော့)

K အသံထွက်အကြောင်းနဲ့ဆက်ပြီး ရေးပါရစေ။ လွန်ခဲ့တဲ့ ၃ နှစ်က ဒီရက်တွေမှာ K စာလုံးတွေ တွေ့နေရတယ်။ K ဆိုတာ ဘာတွေလဲ။

K တလုံးတည်းရဲ့ အဓိပ္ပါယ်က (ကီလို) နဲ့ တထောင် (တစ်ထောင် မဟုတ်) ဖြစ်ပါတယ်။

Y2K bug ဆိုတာ ၂ဝဝဝ ခုနှစ်ရောက်ကာနီးတော့ ကွန်ပြူတာစနစ်နဲ့ဆိုင်တာတွေမှာ အစိုးရိမ်ကြီးခဲ့ကြတယ်။

ယူအက်စ်အေမှာ Ku Klux Klan (KKK) ကေသုံးလုံးက ဒေါ်နယ်ထရမ့် အနိုင်ရအောင်လုပ်ပေးခဲ့ပြီး၊ လူဖြူကြီးစိုးရေးနဲ့ လူသစ်ဝင်တာဆန့်ကျင်ရေး လုပ်ကြမယ်။

မြန်မာပြည်မှာ KMT ဆိုတာ တရုပ်ဖြူလို့ လူသိများတယ်။ တရုပ်ပြည်မှာ တရုပ်နီခေါ် ကွန်မြူနစ်တွေကအနိုင်ရတော့ တိုင်ဝမ်နဲ့ မြန်မာပြည်ဖက် ထွက်ပြေးလာသူတွေဖြစ်တယ်။ တရုပ်အမျိုးသားရေးပါတီကိုခေါ်တယ်။ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းဆက်တဲ့ တိုင်ဝမ်သမတကတော့ DPP ပါတီကပါ။ KMT ဆိုတာ ဘန်းစကားနဲ့ Kiss My Teeth ကိုလည်းခေါ်ပါသတဲ့။

မြန်မာပြည်မှာပဲ KTV ခေတ်ဖြစ်လာတာ စစ်အစိုးရခေတ်ကစတယ်။ KTV အရှည်က Karaoke Tay Vịn ဖြစ်ပါတယ်။ ဘေးကနေ လိုက်သီဆိုနိုင်တဲ့ တေးဂီတ ဖြေဖျော်ရေးကိုပြောတာ။ Karaoke box ကာရာအိုကေလို့လည်း ခေါ်ကြတယ်။ KTV ခေတ်စားတဲ့ နိုင်ငံတွေက တရုပ်၊ တိုင်ဝမ်နဲ့ ကမ္ဘောဒီယားလို့ ဝီကီပီးဒီယားမှာရေးထားတယ်။ ထိုင်းနဲ့ မြန်မာပြည်ကို ထပ်ဖြည့်ရမယ်။ ကျန်းမာရေးမေးတာတွေထဲမှာ KTV သွားတဲ့သူတွေပါတယ်။ ခေးလို့ရေးကြတာတွေ့တယ်။ ခေးတီဗွီလို့ ရေးတာတော့ မတွေ့ဖူးသေးပါ။

ဒေါက်တာတင့်ဆွေ
၉-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး