Karl Marx ကားလ်မတ်စ်

Karl Marx, writing a letter to his daughter Lura Marx, on March 20, 1866, said: Most of my time I'm walking and breathing fresh air. I read nothing and write less. I go to bed at 9:00 p.m. Generally, I subside into the state of non-existence that Buddhism considers to be the height of human delicacy. (BUDDHISM & MODERN WORLD P. 35)

၁၈၆၆ ခု၊ မတ်လ ၂၀ ရက်နေ့ရက်စွဲဖြင့် Karl Marx သူ့ သမီး Laura Marx ထံသို့ စာရေးလိုက်တာက ငါ့အချိန် အတော်များများမှာ လမ်းလျှောက်တယ်၊ လေကောင်းလေသန့် ရှူတယ်၊ စာဖတ်စာရေး မလုပ်တော့ဘူး၊ ည ၉ နာရီမှာ အိပ်ယာဝင်တယ်။ သာမန်အားဖြင့်တော့ လူ့ဘဝအတွက် အမွန်မြတ်ဆုံး ရသာမွန်ဖြစ်တဲ့ ဗုဒ္ဓဝါဒရဲ့ သင်္ခါရဓမ္မ၏ အနိစ္စလက္ခဏာဆိုတာကို တွေးကြံစဉ်းစားရင်း ငါ အိပ်ပျော်သွားခဲ့တယ်။ (Ven Muni)

ကာလ်မတ်စ်ဟာ ဂျာမန်လူမျိုး ဖီလောဆော်ဖါတဦးဖြစ်တယ်။ ၅-၅-၁၈၁၈ နေ့မှာမွေးဖွားပြီး ၁၄-၃-၁၈၈၃ နေ့မှာ ကွယ်လွန်လို့ သီပေါမင်းပါတော်မမူခင် ၂ နှစ်ကဖြစ်တယ်။ သူ့ကို ကွန်မြူနစ် အိုင်ဒီယော်လောဂျီနဲ့ တွဲသိကြတာများပေမဲ့ Revolutionary socialist ဆိုရှယ်လစ်တော်လှန်ရေးသမားလို့ မှတ်တမ်းတင်ထားပါတယ်။ ကြီးတော့ လန်ဒန်မှာ နေထိုင်တယ်။ ဂျာမန် အတွေးအခေါ်ပညာရှင် Friedrich Engels (ဖရက်ဒရစ် အိန်ဂျယ်လ်စ်) နဲ့တွဲပြီး စာအုပ်တွေ ရေးသားထုတ်ဝေတယ်။ ၁၈၄၈ မှာ The Communist Manifesto ကွန်မြူနစ် မင်နီဖက်စတိုကိုထုတ်တယ်။ Capital, Volume I ခေါ် အရင်းကျမ်းကို ၁၈၆၇ မှာထုတ်တယ်။

ကားလ်မတ်စ်နဲ့ ဗုဒ္ဓဘာသာဆက်စပ်မှုကို လေ့လာသူအမျိုးမျိုးကရေးကြတာတွေမနည်းလှပါ။ ကျွန်တော်လေ့လာမှု နည်းလွန်းလို့ မှတ်ချက်မပေးလိုပါ။

Buddhism in the Modern World
Adaptations of an Ancient Tradition
Edited by Steven Heine and Charles S. Prebish
Publication Date - September 2003
ISBN: 9780195146981
304 pages
Paperback
6-1/8 x 9-1/4 inches
Retail Price to Students: $51.00

- When Karl Marx Practised Buddhism http://culturematters.org.uk/index.php/culture/religion/item/2423-when-karl-marx-practised-buddhism
- Karl Marx & Buddhism http://wenshuchan-online.weebly.com/karl-marx--buddhism.html
- Buddhism in the Modern World https://global.oup.com/ushe/product/buddhism-in-the-modern-world-9780195146981?cc=us&lang=en&

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး