Laxative Abuse ဝမ်းနုတ်ဆေးတလွဲသုံးခြင်း

ဆရာမင်္ဂလာပါရှင့်။ ဗမာဆေးအကြောင်းမေးတာမကြိုက်မှန်းသိလို့ ကြိုတင်တောင်းပန်ပါတယ်ရှင့်။ ဒါပေမယ့်ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်။ ကျမကလေးက ၁ နှစ်ပါ။ သူ့အဖိုးက ရှားစောင်းလက်ပတ်ရယ် မန်ကျည်းမှဲ့ရယ် ထန်းလျက်ရယ် ရောပြီးချက်ထားတဲ့ဆေးကို မနက်တိုင်းကျွေးနေပါတယ်။ မကျွေးဖို့ပြောပေမယ့် ယောက္ခမဆိုတော့ အားနာတယ်ရှင်ပြောရတာ မန်ကျည်းမှဲ့နဲ့ထန်းညက်က ကိစ္စမရှိပေမယ့် ရှားစောင်းလက်ပတ်က နေ့တိုင်းဆို ဆိုကျိုးရှိမှာစိုးလို့ပါရှင့်။ ရှားစောင်းကို ကလေးငယ်စားသင့် မစားသင့် ဖြေကြားပေးစေချင်ပါတယ်ရှင့်။ ဆရာ့ reply ကိုပြချင်လို့ပါ။ ဖြေကြားပေးပါရှင်အဖိုးကတော့ နေ့တိုင်း ဝမ်းကောင်းဖို့ မနက်တခါ ညတခါ စားပါတယ်။ ကလေးအတွက်မ ကောင်းဘူထင်လို့ပါရှင့်

ဟိုတလောက အဖွားတွေအတွက်ရေးရတယ်။ ကိုယ်ဝန်ဆောင်တွေကို အရပ်နည်းတွေအတင်းလုပ်ခိုင်းတော့ အခက်တွေ့နေသူတွေက မေးကြတယ်။ ကျွန်တော်က ရန်တိုက်ပေးတာ ဝါသနာမပါတော့ ခက်တယ်။ မိသားစုအရေး ဆိုတော့ လိမ်မာသလိုသာလုပ်ကြပေတော့။

ကလေး + လူကြီး ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ ဝမ်းကို တမင်တကာနုတ်တာကို မဖြစ်လှသာ လုပ်ရတယ်။ ဝမ်းနုတ်ဆေး တာရှည်စားသူတွေ ဓါတ်ဆားနည်းတယ်။ ပိုတက်ဆီယမ်နည်းရင် ဗိုက်ပူတယ်။ ဆောရီး။ အကျင့်သဘောဖြစ်တော့ ဝမ်းနုတ်ဆေးသောက်မှသာ ဝမ်းကသွားတော့မယ်။ ဆေးစွဲသူတွေလိုဖြစ်ရော။

တချို့ ပိန်အောင် ဝမ်းနုတ်ဆေးသောက်ကြတယ်။ တချို့က အစားတွေအများကြီးစားပြီး မဝအောင်သောက်ကြတယ်။ တချို့ ဝမ်းထဲမှာ အပုပ်အစပ်တွေအောင်းနေတာ မကောင်းဘူးဆိုပြီး သောက်ကြတယ်။ အဲဒီအကျင့်တွေက မမှန်ပါ။

ဝမ်းနုတ်ဆေးတွေက အူမကြီးကိုသာ သက်ရောက်တယ်။ စားသောက်လိုက်တာတွေထဲက အာာရဖြစ်စရာမှန်သမျှ အူသိမ်ကတည်းက စုပ်ယူထားလိုက်ပြီးပါပြီ။

ဝမ်းကို အတင်းသွားခိုင်းတော့ ရေ + ဓါတ်ဆားတွေ မကုန်ခမ်းသင့်ပဲ ဆုံးရှုံးရတယ်။ အာဟာရဖြစ်မှာ တချို့လည်း ထွက်ကုန်တယ်။ အဲတော့ ရေဆာမယ်။ ရေသောက်မယ်။ ရေကြောင့် အလေးချိန်တိုးတာဖြစ်လာမယ်။ Water weight လို့ ခေါ်တယ်။ တာရှည်ဝမ်းနုတ်ဆေးသောက်သူမှာ ရေဓါတ် + ဆားဓါတ်ခမ်းခြောက်တာဖြစ်လာမယ်။ Dehydration လို့ ခေါ်တယ်။

ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ ဖေ့စ်ဖါးရပ် ဓါတ်ဆားတွေ နည်းကုန်မယ်။ အဲတာတွေက ကြွက်သား၊ အာရုံကြောတွေအလုပ်လုပ်စေဘို့ လိုအပ်တာတွေဖြစ်တယ်။ အူမကြီးနဲ့ နှလုံးတို့လည်း ခံရမယ့်စာရင်းထဲမှာပါတယ်။ အဲလိုဖြစ်တာက ဆိုးရင်တော့ အားနည်းနေမယ်။ လက်တုန်မယ်။ မျက်စိဝေဝါးမယ်။ သတိလစ်ချင်သလိုဖြစ်မယ်။ ကျောက်ကပ်ထိခိုက်မယ်။

ကြာလေလေ အူမကြီးက ဝမ်းနှုတ်ဆေးကို ဆေးယဉ်သလိုယဉ်လာမယ်။ ဆေးပိုသောက်မယ်။ ပိုဆိုးမယ်။ ဆောရီး။ Lazy colon အပျင်းထူတဲ့အူမကြီးလို့ခေါ်တယ်။ အူမကြီးပိုးဝင်နိုင်တယ်။ Irritable Bowel Syndrome ခေါ် အူမကြီး ဂနာမငြိမ်ရောဂါ ဆက်ဖြစ်မယ်။ ဝမ်းလျှောမယ်။ အသည်းထိခိုက်လာမယ်။ အူမကြီးကင်ဆာအထိ စဉ်းစားရမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၆
ည (မနက်) ဝဝ နာရီ၊ ၄၇ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး