Life Choices နှစ်သစ်အတွက် အကြံပြုချက်

(၂ နှစ်ကရေးခဲ့တဲ့စာ)

ကင်ဆာ (၁ဝ) မျိုးထဲက (၄) မျိုးဟာ လူနေမှုပုံစံပြင်ရင် ကင်ဆာကို ကာကွယ်နိုင်တယ်။ Cancer Research UK (ယူကေ) နိုင်ငံ ကင်ဆာသုတေသနအသင်းရဲ့ နောက်ဆုံးတွေ့ရှိချက်ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကနေ ကင်ဆာကိုရှောင်ရှားနိုင်စေတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရွေးချယ်တတ်မှုဖြစ်ပါတယ်။ အရက်ကို ဆင်ခြင်ဘို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဘို့လဲ ပါဝင်တယ်။ လူပေါင်း ၁၄၅ဝဝဝ မှာ ပြုပြင်ထားတဲ့အစားအသောက်နဲ့ ကင်ဆာဆက်စပ်နေကြတယ်။ ၈၈ဝဝဝ ယောက်မှာ အဝလွန်တာနဲ့ ကင်ဆာဆက်စပ်နေကြတယ်။ ၆၂၂ဝဝ ယောက်မှာ ကင်ဆာနဲ့ အရက် ဆက်စပ်နေကြတယ်။ နေလောင်ခံရတာနဲ့ ကင်ဆာနဲ့ဆက်စပ်တယ်။

(ယူကေ) တနိုင်ငံတည်းမှာ အဲလို ကာကွယ်နိုင်မဲ့သူပေါင်း ၆ သိန်းရှိတယ်။ ဆေးလိပ်၊ အရက်၊ အစားအသောက်၊ အဝလွန်တာနဲ့ နေလောင်ခံရတယ်။ ၂ဝဝ၇ ကနေ ၂ဝ၁၁ အတွင်း လူနာပေါင်း ၃ သိန်းကို ၅ နှစ်တာ လေ့လာမှုအရ ပြောနိုင်တာဖြစ်ပါတယ်။

နှစ်သစ်မှာ ဒီအကြံပြုချက်ကို လိုက်နာကြပါလို့ အကြံပြုလိုက်ပါရစေ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး