Medical Tests for Your 60s and Up အသက်ကြီးသူများ ဆေးစစ်ရန်

အမေ အဖေ သက်ရှိထင်ရှား ရှိသေးသူများအတွက်

(အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်။)

1. Blood pressure သွေးတိုးစစ်ပါ။ ပုံမှန်ရှိသူ ၂ နှစ်တခါ။ များနေရင် သွေးတိုးရောဂါကုသနည်းတွေအတိုင်း လိုက်နာပါ။ သွေးတိုးရှိနိုင်သူစာရင်းထဲမှာပါရင် ၆ လ တကြိမ်စစ်နေပါ။

2. Weight gain ကိုယ်အလေးချိန် အပတ်စဉ်တိုင်းနေပါ။ များလာရင် အစားအသောက် + ကိုယ်လက်လှုပ်ရှားမှုနဲ့ ထိန်းပါ။

3. Colorectal cancer screening အူမကြီးကင်ဆာ ဆန်ကာတင်စစ်နည်းကို အသက် ၅ဝ ကျော်သူတိုင်း ၇၅ နှစ်အထိ စစ်နေရမယ်။ ဖြစ်နိုင်ခြေရှိသူများ အုပ်စုထဲပါရင် စစ်ဆေးချိန်တိုရမယ်။
• Fecal occult blood testing ဝမ်းထဲမှာ မျက်စိနဲ့မမြင်ရတဲ့သွေးပါနေသူ = တနှစ်တကြိမ်။
• Sigmoidoscopy ကိရိယာထည့်စစ်နည်း ၅ နှစ်တကြိမ် + fecal occult blood testing ဝမ်းထဲသွေးစစ်ခြင်း ၃ နှစ် တကြိမ်။
• Colonoscopy ကိရိယာနဲ့စမ်းနည်း ၁ဝ နှစ်တကြိမ်။

4. Prostate cancer screening ဆီးကျိတ်ကင်ဆာစစ်ခြင်း (ယောက်ျား)

5. Breast exam and mammogram ရင်သားကင်ဆာစစ်ခြင်း (အမျိုးသမီး) + မင်မိုဂရမ်ကို ဖြစ်နိုင်သူများအုပ်စုထဲပါရင် စစ်ဆေးချိန်တိုရမယ်။ တနှစ်တကြိမ်။ ပုံမှန် အသက် ၄ဝ-၅ဝ အမျိုးသမီးများ ၂ နှစ်တကြိမ်။

6. Pelvic exam and pap smear သားအိမ်ဝကင်ဆာ၊ မွေးလမ်းကင်ဆာစစ်နည်း ၃ နှစ်တကြိမ်။ သားအိမ် ထုတ်ထားပြီးသူ၊ အဖြေဆက်တိုင် အနှုတ်သာပြသာ၊ အသက် ၆၅ နှစ်ကျော်သူ စစ်ဆေးရန် မလိုတော့ပါ။

7. Eye diseases မျက်စိရောဂါတွေထဲက macular degeneration ရောဂါ၊ cataracts အတွင်းတိမ်၊ glaucoma ရေတိမ် ဖြစ်တာမနည်းပါ။ မျက်စိအထူးကုဆရာဝန်က ဘယ်တော့တခါစစ်ကို ပြောပါမယ်။

8. Hearing test နားအကြားစစ်ဆေးခြင်း။ အသက် ၆၅ နဲ့ ၇၄ နှစ်ကြားရှိသူတွေ ၂၅% နာအကြားအားနည်းကြတယ်။ ဒိထက်အသက်ကြီးရင် ၅ဝ% နည်းတယ်။ နားအထူးကုဆရာဝန်ကိုမေးပါ။

9. Osteoporosis အရိုးအားနည်းရောဂါ။ bone density test လုပ်ပါ။ အမျိုးသမီး ၆၅ ကျော်ရင် အဖြစ်များတယ်။

10. Cholesterol screening ကိုလက်စထော စစ်ပါ။ HDL အကောင်းမနည်းသင့် LDL အဆိုး မများသင့်။

11. Vaccinations ကာကွယ်ဆေးထိုးပါ။ အသက် ၆၅ နှစ်ကျော်သူတိုင်း Pneumococcal vaccine ထိုးပါ။ ၆ဝ  ကျော်သူတွေ Shingles vaccine ထိုးသင့်။ Flu shot နှစ်စဉ်ထိုးပါ။ Diphtheria-tetanus ဘူစတာ ၁ဝ နှစ်တခါ ထိုးသင့်။

12. Abdominal aortic aneurysm (AAA) ဆေးလိပ်သောက်သူတွေ ဗိုက်ထဲက သွေးကြောမကြီးဖေါင်းတာ မရှိကြောင်း သိအောင် အာလ်ထွာဆောင်းရိုက်ပါ။

13. Blood Sugar သွေးထဲက သကြားဓါတ်ကို ဆီးချိုမရှိသူတွေ ၃ နှစ်တခါစစ်ပါ။ ဖြစ်နိုင်ခြေရှိသူတွေက ကာလတိုအတွင်းမှာ စစ်ပါ။

14. Thyroid hormone test လည်ပင်းကြီးဟော်မုန်း အမျိုးသမီးကြီးတွေ ၅ နှစ်တခါ စစ်ပါ။

15. Moles မှဲ့ရှိသူ နေရောင်ထိရရင် နှစ် ၂ဝ ကြာရင် ကင်ဆာဖြစ်နိုင်တယ်။

16. Dental Exam သွား-ခံတွင်းစစ်ပါ။

17. Life style လူနေမှုပုံစံ သင့်တော်တာကို ပြောင်းပါ။
ကိုယ်လက်လှုပ်ရှားပါ။ အစားအသောက်သတိထားပါ။ ဆေးလိပ်-အရက်-မူးယစ်ဆေး ဖြတ်ပါ။ အဝတ်အစား အသုံးအဆောင်တွေ ရွေးပါ။ သေနတ်ကိုင်ဆောင်သူဆိုရင် ပိုပြီးလုံခြုံပါစေ။ အိမ်မှာမီးခိုးသတိပေးစရာ တပ်ထားပါ။ စက်ဘီး၊ ဆိုင်ကယ်စီးတိုင်း ခေါင်းဆောင်း မမေံပါနဲ့။ လိင်မှုကိစ္စ အကာအကွယ် မမေ့ပါနဲ့။ ကားမောင်းတာ ပိုသတိကြီးပါ။ ရေအပူချိန် ၁၂ဝ အက်ဖ်မှာထားပါ။ CPR အရေးပေါ်နှလုံး-အဆုတ်ပြုစုနည်း လေ့လာထားပါ။ လိမ့်ကျနိုင်တာ၊ ထိခိုက်နိုင်တာမှန်သမျှ သတိထားပါ။ စိတ်ဓါတ်ကျတာနဲ့ စိုးရိမ်စိတ်ကဲလျှင် ဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၆
၂၄-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး