Merry Christmas 2002 ၁၄ နှစ်က ခရစ္စမတ် (၁)

၂ဝဝ၂ ခုနှစ်က အခုလို ဆောင်းတွင်းမှာ ကျွန်တော်တို့မိသားစု ဗုဒ္ဓဂယာ၊ ဗာရာဏသီ (မိဂဒါဝုန်)၊ သာဝတ္တိ (ဇေတဝန် ကျောင်းတော်)၊ ကုသိနာရုံ၊ ဝေသာလီ၊ ပတ္တနား (ပါဋလိပုတ်)၊ နာလန္ဒာ၊ ရာဇဂြိုလ်၊ (လုမ္မိနီကိုတော့ အဓြီတခေါက် မရောက်ခဲ့) ဘုရားဖူးသွားကြတုံးက ခရစ္စမတ်နေ့မှာ သာဝတ္ထိကိုရောက်ကြတယ်။ ပါလာတဲ့ချွေးမအငယ်ဆုံးက ခရစ်ယန်ဘာသာဝင် ဖြစ်တယ်။ ဆရာတော် ဦးသြဘာသကနေ (မလျှောက်ထားဘဲနဲ့) ဘုန်းကြီးကျောင်းမှာရှိတဲ့ ခရစ္စမတ်သစ်ပင်ခေါ်ကြတဲ့ ပင်လယ်ကဗွီးပင်မှာ မီးရောင်စုံ ထွန်းပေးခဲ့တာကို မမေ့နိုင်ကြဘူး။ (ဓါတ်ပုံ = သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်)

၂ဝဝ၂ ဘုရားဖူးခရီးစဉ်အတွင်း၊ သားလတ် နန္ဒတင့်ဆွေ၊ သမီး နေမြမြဆွေ၊ မြေး သဒ္ဓါတင့်ဆွေတို့ အစီရဝတီမြစ်ထဲမှာ မယ်ပဒါ သောကမီးလောင်မြိုက်ခဲ့ကြောင်း သာဝတ္တိဆရာတော်နဲ့ လှတောဆရာတော်တို့က ရှင်းပြခဲ့သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး