Metro မက်ထရို

မက်ထရိုနိုက်ဒါဇော်လ်ဆေးအကြောင်း အခုပဲထပ်တင်လိုက်တယ်။ မေးခွန်းတွေမှာ အတိုကောက်ရေးရင် အတိအကျ ပြန်ပြန်မေးရတယ်။ စကားပြောရင်လည်း တချို့ပြောနေကြတဲ့ အတိုက်ကောက်တွေကို နားမလည်ပါ။ တချို့ကလည်း သူများ မသိလောက်တာပြောလိုက်ရတာကို ဂုဏ်ယူကြသလား မသိပါ။ အတိုကောက်တွေက မှားတတ်တယ်။ တမျိုးမက အဓိပ္ပါယ်ရတာတွေရှိတယ်။ ဥပမာ ARV ကို အရင်က ခွေးရူးကာကွယ်ဆေး။ အခု HIV ဆေး။ မက်ထရိုလို့ပြောရင် ထပ်မေးရဦးမယ်။

၁၂-၁၂-၂ဝ၁၆ နေ့က မေးတာရှိတယ်။ မင်္ဂလာပါဆရာခင်ဗျ Metro Manila ဘာလို့ခေါ်တာလဲ။ နိုင်ငံတနိုင်ငံရဲ့ ဘယ်အဆင့်ကို Metro သတ်မှတ်တာလဲခင်ဗျ။ လေးစားလျှက်။

Metro မက်ထရို နာမ်
Metro ဆိုရင် မြို့တွင်းသွား အများပြည်သူသုံး ပို့ဆောင်ရေးရထားဖြစ်တယ်။ ဝါရှင်တန်ဒီစီက အရင်သုံးထားတာ။ မြေအောက်မီးရထားကိုခေါ်တယ်။ ဥပမာ ပဲရစ် (ပြင်သစ်)၊ မွန်ထရီရယ် (ကနေဒါ) မှာလည်းရှိတယ်။ အစလုံးကို အကြီးနဲ့ရေးတယ်။ တချို့နေရာတွေမှာ Subway လို့သုံးတယ်။ တချို့နေရာတွေမှာ Tube လို့သုံးတယ်။

Metro မက်ထရို နာမဝိသေသန
Metropolitan မြို့အကြီးစား။ Metropolis ကို ကနေဒါမှာအသုံးများတယ်။ Metro အတိုင်းအတာမှာ Metronome ထည့်သုံးတယ်။

Metropolitan မက်ထရိုပိုလီတန် နာမဝိသေသန
Metropolis ခေါ်မြို့ကြီးရဲ့ ယဉ်ကျေးမှု၊ လူ၊ နေရာ စတာတွေကိုသုံးတယ်။ မိခင်တိုင်းပြည်အနေနဲ့လည်း သုံးတယ်။ မြို့ဘယ်လောက်ကြီးသင့်သလဲဆိုတာ တိကျတဲ့သတ်မှတ်ချက် မတွေ့သေးပါ။

Metropolitan မက်ထရိုပိုလီတန် နာမ်
Metropolis ခေါ်မြို့ကြီးမှာနေထိုင်သူ၊ မြို့ကြီးဆန်သူ၊ ရိုမန်ကက်သလစ် ခရစ်ယန် ချာ့ခ်ျ။

Metro က ဆေးပညာမှာ သားအိမ်နဲ့ဆိုင်တယ်။ ရာသီဆင်းများတာကို Metrorrhagia လို့ခေါ်တယ်။ Metronidazole ဆေးကို Metro လို့ အတိုကောက်သုံးတယ်။

ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး