Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့

(၂ နှစ်ကစာ)

နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေ ဆုတူရပါစေ။ ဒါက အသက်ရှည်ဘို့နဲ့ကျန်းမာဘို့ ဆုတောင်းပါ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ နှစ်သစ်မှာ အားမရှိတာကို မပြောစကောင်းလို့ အယူရှိကြတယ်။ ကျွန်တော်လဲ လိုက်နာပါတယ်။ ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလဲ အတူတူပဲ။

ဒီစာရေးခဲ့တာ ၂ နှစ်တိတိကပါ။ ကျွန်တော့်ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရချင်တာပါပဲဗျာ။ လူမမာနဲ့ သမားတော် တွေ့ခွင့်ရသွားပါပြီ။ လူမမာမှာ ရောဂါတွေကထူတယ်။ ဖြစ်ခဲ့တာကြာတော့ နာတာရှည်ကုရမယ်။ လက်သယ်ချည်းသာ အားမကိုး ကိုယ်တိုင်လည်းညှစ်ရမယ်။ စိတ်ကိုအပြုသဘောဆောင်ပါ။ ကံတရားလည်း အားကိုးပါ။ ဝီရိယရှိပါ။

ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ အေးရေ့ မနက်မှာ သူများတွေမနိုးခင်ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထားရတယ်။ သူများတွေ အိပ်ယာထလောတော့ ဘာမှ မလုပ်ရသလိုနေတဲ့။ သူ့ကြည့်လိုက်ရင် သနပ်ခါးအဖွေးသားနဲ့ အဝတ်အစားက သပ်သပ်ရပ်ရပ်။ ချက်စရာပြုပ်စရာတွေက ပြီးနေပြီ။ နေအိမ်လေးလည်း သန့်ရှင်းလို့။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး