Nike Cap

တခြားမြေးတွေပုံတင်တော့ မြေးနံပါတ် (၁) ကျန်မနေအောင်လို့။ နိုက်ကီ ကက်ပ်ကို ပြီးခဲ့တဲ့မွေးနေ့မှာ သဒ္ဓါတင့်ဆွေကဝယ်ပေးတာပါ။

ကျွန်တော်က ခေါင်းဆောင်းစရာ ရွေးပါတယ်။ ကပ်ဦးထုပ်ဆောင်းတယ်။ ဂျင်းတဲလ်မင်း အဖိုးကြီးတွေဆောင်းတဲ့ နံပြားဦးထုပ် မဆောင်းပါ။ သက္ကလပ်ဦးထုပ်လည်း မဆောင်းပါ။ မက်ဆီကန်ဦးထုပ်လည်း မဆောင်းပါ။

ခေါင်းစွပ်ဆိုလည်း အင်မတန်ရွေးတယ်။ နားရွက်ဖုံး ရုရှားသုံးဆောင်းခေါင်းစွပ်လည်းမကြိုက်ပါ။ တိုင်းပြည်ကနေ ထွက်ပြေးရစဉ်ကတော့ မန်းကီးကက်ပ်ခေါ် လူဆိုးခေါင်းစွပ်ကို သုံးခဲ့ရပါတယ်။ ကျေးဇူးကြီးပါတယ်။

Dr. တင့်ဆွေ
၁ဝ-၁၂-၂ဝ၁၅
Nike အသံထွက် https://www.youtube.com/watch?v=0X6V5DnxmAE

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး