Nine die in Vancouver in 24 hours from fentanyl opioid overdose

ဗင်ကူးဗားမှာ လူ ၉ ယောက်ဆေးလွန်ပြီးသေဆုံး

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း လူ (၉ )ယောက်ဆေးလွန်ပြီးသေဆုံးသွားတယ်လို့ လွန်ခဲ့တဲ့ (၈) နာရီကသတင်းထွက်လာပါတယ်။ သေဆုံးသူတွေက fentanyl ခေါ် ဘိန်းကနေထုတ်လုပ်တဲ့ အနာအကိုက် သက်သာဆေးကိုအလွန်အကျွံသုံးစွဲခဲ့တာဖြစ်ပါတယ်။

ကနေဒါမှာ ၂ဝ၁၅ ခုနှစ်အတွင်း ဆေးစွဲလို့သေဆုံးသူပေါင်း ၂ဝဝဝ ရှိခဲ့ပါတယ်။ Fentanyl ဆေးဟာ အလွန်ပြင်းတဲ့ အနာသက်သာဆေးဖြစ်တယ်။ နာတာရှည်လူနာတွေကိုသာပေးရတယ်။ လူကိုယ်ထဲမှာ အနာသက်သာအောင် လုပ်ပေးနေတဲ့ Endorphins ဓါတ်နဲ့သဘောခြင်းဆင်တူတယ်။

ဆေးအသန့် Fentanyl 2 mg နဲ့ လူကိုသေစေနိုင်တယ်။ အရွယ်ပမာဏက ဆား ၄ ပွင့်စာသာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး