Skip to main content

Nosebleeds in children ကလေး နှာခေါင်းသွေးယိုခြင်း

၁။ ဆရာခင်ဗျာ ကလေးတော်တော်များများနှာခေါင်းသွေးလျှံကြပါတယ်။ နေ့ည မရွှေးပါရာသီမရွှေးပါ။ သွေးလွန်တုတ်ကွေး ဖြစ်ဖူးသူများ ပိုဖြစ်ပါတယ်။ ဘာတွေရှောင်ရမလဲခင်ဗျာ။ အချိန်ရရင် တင်ပေးပါအုံးဆရာ။ 

၂။ ကျွန်မကိုတခုလောက်မေးခွင့်ပြုပါ။ သမီးလေးက ၆ နှစ်ခွဲရှိပါပြီ။ မကြာခဏ နှာခေါင်းသွေး လျှံတတ်ပါတယ်။ ခုတလော ညဘက်အိပ်တဲ့အချိန် မကြာခဏဖြစ်ဖြစ်နေပါတယ်။ အဲဒါ စိုးရိမ်ရပါသလားဆရာ။ ဘာလုပ်သင့်ပါသလဲဆရာ။ ကျေးဇူးပြုပြီး အကြံပေးစေချင်ပါတယ်။

၃။ ဆရာရှင့် ကျွန်မသမီးလေးက အသက် ၁ နှစ်နဲ့ ၈ လရှိပါပြီ။ ကလေးနဲ့ ကျွန်မတို့သူ့အဘွားတွေရှိရာကို ရန်ကုန်ကနေ မနက် ၈ နာရီလောက်ကထွက်ကြပြီး မနက် ၁၂ နာရီခွဲလောက်ရောက်ကြပါတယ်။ ည ၁ဝ နာရီခွဲလောက်မှာ နှာခေါင်းကသွေးတွေ တအားထွက်လာပါတယ်ဆရာ။ Wet Tissue ၇ ရွက် ၈ ရွက်လောက် စွန်းတဲ့အထိ သွေးထွက်ပါတယ်။ ကျွန်မတို့လဲ စိုးရိမ်ပြီးဆေးခန်းပြဖို့ထွက်ရှာရင်း နယ်ဆိုတော့ ဆေးခန်းတွေအားလုံးပိတ်နေလို့ ပြန်လာရင်း ကားပေါ်မှာပဲ သွေးထွက်ရပ်ပြီး အိပ်ပျော်သွားပါတယ်။ ခုစာရေးနေတဲ့အချိန်ထိ အသက်ရှုသံ မှန်မှန်နဲ့ အိပ်ပျော်နေပါတယ်။ အဲ့လောက်သွေးထွက်တာ စိုးရိမ်ရပါသလားဆရာရှင့်။ ဘယ်လိုများ ပြုစုကုသရပါ့မလဲရှင့်။ အန္တရာယ်ရှိပါသလားဆရာရှင့်။

၎။ ကျမသားရဲ့ အသက်က ၁၉ လ ရှိပါပြီ။ နှာခေါင်းသွေး ခဏခဏယိုနေလို့ပါ။ သူနှာခေါင်းသွေးယိုတာက နေ့ခင်းဘက်မှာ မယိုဘဲနဲ့ ညဘက် အိပ်ပျော်နေတဲ့ အချိန်မှာဘဲ များသောအားဖြင့် ယိုပါတယ်။ တစ်ခါတစ်လေ နေ့ခင်းယိုရင်လဲ အိပ်ပျော်နေတဲ့ အချိန်မှာဘဲ ယိုပါတယ်။ ယိုခါနီးပြီဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာကနေနိုးလာပြီး ခဏငိုပြီး သွေးယိုတော့တာဘဲ။ ကျမစိုးရိမ်တာက ညဘက်ကျမှ သွေးကယိုတာဆိုတော့ အိပ်ပျော်နေတုန်း သွေးယိုတာမသိရင် ဘာဖြစ်နိုင်လဲ သိချင်လို့ပါ။ ယိုခါစကတော့ နည်းပါတယ် နောက်ပိုင်းယိုတာ ပိုများများ လာပါတယ်။ ဆရာရေးတဲ့ နှာခေါင်း သွေးယိုခြင်းအကြောင်း ဖတ်ဖြစ်ပါတယ်။ အခုဖြစ်တဲ့ဟာနဲ့ပက်သက်ပြီး စာပြန်ပေးစေချင်ပါတယ်။ ကျမ အရမ်းစိုးရိမ် နေလို့ပါ။ သွေးယိုတာ များလာတယ်ဆိုတော့ သွေးအားနဲ တာရောဖြစ်နိုင် ပါသလား။ သွေးခဲပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားနိုင်လားဆိုတာ တအားသိချင်ပါတယ်။ သူများနိုင်ငံမှာ နေရတယ်ဆိုတော့ ဘာသာစကားလည်း အခက်ခဲဖြစ်နေလို့ပါ။ စိုးရိမ်ရတဲ့ အခြေနေ ဟုတ်-မဟုတ် စာပြန်ပေးပါနော်။ 

နှာခေါင်းသွေးယိုရတဲ့ အကြောင်းတွေထဲမှာ နှာခေါင်းရှိနေတဲ့ အနေအထားကို၌က ခေါင်းမှာ ရှေ့ကို ငေါထွက်နေလို့ ထိခိုက်ဘို့ လွယ်တယ်။ သွေးကြောတွေကလဲ ကြီးတယ်။ နဲနဲပါးပါး ထိခိုက်တာနဲ့ကို သွေးထွက် များတတ်တယ်။ အများအားဖြင့်တော့ နှာခေါင်းအတွင်းမှာ ဖုံးထားပေးနေတဲ့ အလွှာက ခြောက်သွေ့နေလို့ ဖြစ်ရတယ်။ အဲဒီနေရာက သွေးကြောပေါက်ပြဲသွားလို့ သွေးယိုတာဖြစ်တယ်။ 

ရာသီဥတု ခြောက်သွေ့ချိန်မှာ ပိုဖြစ်တယ်။ ပူတာတခုထဲ ပြောတာ မဟုတ်ပါ။ ဆောင်းရာသီမှာ ပိုဖြစ်နိုင်တယ်။ ဒီလိုကာလတွေမှာ အသက်ရှူလမ်း အပေါ်ပိုင်းကူးစက်ရောဂါတွေကလဲ အဖြစ်များတယ်။ ပတ်ဝန်းကျင် အပူချိန် နဲ့ စိုထိုင်းဆတွေကလဲ ရုတ်တရက်ဆိုလို တက်လိုက် ကျလိုက်ဖြစ်တာလဲ အကြောင်းတခုဖြစ်နိုင်သေးတယ်။ နွေရာသီမှာ စိုထိုင်းဆ အပြောင်းအလဲကြောင့်ဖြစ်တယ်။ အခန်းကို အပူ-အအေးစက်ကနေ ထိန်းညှိတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ သောက်နေရတဲ့ ဆေးဝါးတွေကိုလဲ သတိထားဘို့လိုတယ်။ Warfarin (Coumadin) သွေးကျဲဆေး၊ (အက်စပရင်) နဲ့ အရောင်-အဖျား-အနာ သက်သာဆေးတွေ ဖြစ်တယ်။ ဒီလိုလူတွေမှာ နဲနဲလေး ထိမိတာနဲ့ သွေးယိုလာနိုင်တယ်။

နှာခေါင်းသွေးယိုလာစေနိုင်တဲ့ အခြေခံတွေ -
• ကူးစက်ရောဂါရနေရင်၊ ဥပမာ (ဆိုင်းနပ်စ်) နဲ့ အအေးမိတာ။ 
• ထိခိုက်မိတာ၊ 
• ကိုယ့်ကိုယ်ကို ထိခိုက်မိတာ၊ 
• (အလာဂျီ) ရတာ၊ (အလာဂျီ) မရဘဲ နှာခေါင်းရောင်တာ၊ 
• သွေးတိုး၊ 
• သွေးကျဲဆေး Aspirin စတာတွေ၊ 
• အရက်၊ 
• နှာခေါင်းအကျိတ် (ကင်ဆာနဲ့ ကင်ဆာမဟုတ်တာ) နဲ့ 
• မွေးရာပါ သွေးယိုရောဂါတွေ ဥပမာ (လူကီးမီးယား)။ 

နေရာအမျိုးမျိုးကနေ သွေးယိုစေနိုင်တဲ့ သွေးရောဂါတွေရှိပါတယ်။
Vitamin K deficiency
Von Willebrand disease
Haemophilia
Thrombocytopenia
Liver failure
Congenital afibrinogenemia
Factor V deficiency
Factor X deficiency
Glanzmann's thrombasthenia
Bernard-Soulier syndrome
Factor XII deficiency
C1INH deficiency

ကလေးတွေမယ် သူ့ဖါသူ နှာခေါင်းသွေးယိုရတဲ့အကြောင်းထဲမှာ အခန်းထဲကလေ ခြောက်နေလို့ဖြစ်တယ်။ Humidifier ဒါမှမဟုတ် Vaporizer သုံးသင့်တယ်။ ကလေးအိပ်နေရင် နှာခေါင်းသွေးယိုရင် ကလေးကိုနှစ်သိမ့်ပေးပါ။ မိဘတွေက မပြာပါနဲ့။ ထွက်တဲ့သွေး ခပ်မြန်မြန်လေး သန့်ရှင်းပေးပါ။ ထိခိုက်မိထားလဲ ကြည့်ပါ၊ မေးပါ။ ကလေးကို နှာခေါင်းထဲ နှိုက်တဲ့အကျင့်ရှိရင် ပြင်ပေးပါ။ နှာခေါင်းကိုင်တဲ့အကျင့်ရှိရင်လဲ မကိုင်အောင် သင်ပေးပါ။ 

ကြိုတင်ကာကွယ်နည်း
• ကိုယ့်လက်ချောင်းနဲ့ နှာခေါင်းနှစ်ပေါက်ကို ပိုင်းခြားထားတဲ့ အကန့်ရဲ့ အလည်နေရာကို ဖိပေးနိုင်တယ်။ 
• ခဏခဏ ဖြစ်တတ်သူတွေဟာ နှာခေါင်းအတွင်းက အဖုံးလွှာခြောက်သွေလာလို့ဖြစ်တယ်။ ဒါကြောင့် ချောဆီသဘော တခုခု သုံးနိုင်တယ်။ အများဆုံးသုံးတာက A & D ointment, Mentholatum, Polysporin/Neosporin ointment, or Vaseline တွေဖြစ်တယ်။ Saline mist nasal spray (Ocean Spray) ကိုလဲ သုံးနိုင်တယ်။ 
• အများဆုံးဖြစ်တဲ့ နှာခေါင်းသွေးယိုတာကို အိမ်မှာတင် သက်သာအောင်လုပ်နိုင်တယ်။ ကိုယ့်ဖါသာ မရမှ၊ သွေးတွေထွက်တာ များလွန်းမှ၊ လူက အားယုတ်၊ မူးဝေ၊ ဖြူဖတ်ဖြူရော်ဖြစ်လာရင်တော့ ဆရာဝန်ကိုပြပါ။ ဆရာဝန်ကနေ Nasal packs နှာခေါင်းထဲ ပတ္တီးစသွင်းပေးလိမ့်မယ်။

သွေးထွက်တာက ဘယ်ကနေလာလာ ကြာရင် ဒါမှမဟုတ် ခဏခဏဖြစ်ရင်၊ နာတာရှည် သွေးအားနည်းရောဂါ ရလိမ့်မယ်။ ရုတ်တရက် သွေး အများကြီးထွက်ရင် ချက်ချင်းဖြစ်တဲ့ သွေးအားနည်းရောဂါ ဖြစ်မယ်။

သွေးအားနည်းလက္ခဏာတွေကတော့ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်တယ်။ စမ်းသပ်ရင် သွေးခုန်နှုန်း ပုံမှန်ထက် များနေမယ်။ သတိထားဘို့က ကလေးတွေဟာ ပုံမှန်ကိုက လူကြီးတွေထက် မြန်နေတယ်။ သွေးဖိအား တိုင်းရင် ရုတ်ရက်သွေးယိုသူတွေမှာ ဖိအား ကျနေမယ်။ နာတာရှည်နည်းနေသူတွေကတော့ ပုံမှန်သာရှိမယ်။ 

နှာခေါင်းကနေ ထွက်တဲ့သွေးက အိပ်နေတုံးမှာ ထွက်တာဆိုရင် အစာမျိုပြွန်ထဲ စီးဝင်သွားမယ်။ မျိုချသလိုဘဲ။ အသက်ရှူလမ်းကြောင်းထဲ မဝင်တတ်ပါ။ သတိလစ်နေသူတွေကိုသာ သတိထားရတယ်။ အိပ်ပျော်တာက မေ့နေတာနဲ့ မတူပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Hives အင်ပျဉ်

ဆရာရှင့် မိန်းကလေးအသက် ၄နှစ်ခွဲ တနင်္ဂနွေညသန်ခေါင်မှာ ကိုယ်တွေစယားပါတယ် တနင်းလာနေ့ နေ့လည်မှာ မျက်နှာယားပြီး နှုတ်ခမ်းထူလာပါတယ် ဘာမီတွန်တလုံးတိုက်လိုက်တော့ ပျောက်သွားပါတယ် အင်္ဂါနေ့မနက်ရောက်တော့ မျက်နှာတစ်ခုလုံးအကွက်တွေနဲ့ ကိုယ်တွေယားလို့ စီထရင်း 10mg တလုံးတိုက်လိုက်ပါတယ် လူကြီးတွေက ဘာမီတွန် ပိုကောင်းတယ် တလုံးများတယ်ပြောလို့ ညတခြမ်းတိုက်လိုက်ပါတယ် အလဂျီကစိုးရိမ်ရပါလားဆရာ ကလေးကတော့ လန်းပြီး ကစားပါတယ် ဆေးခန်းပြသင့်ပါလားဆရာ ရက်ကြာပါလားဆရာ

1.Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2.Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
3.Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
4.Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
5.Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.…

Ajinomoto ဟင်းချိုမှုန့်

၁။ ဆရာ အချိုမှုန့်က အရမ်းပမာဏမများရင် ဘေးမဖြစ်ဘူးလို့သိထားပါတယ်၊ ဟုတ်ပါသလား။

၂။ ဆရာရေးထားတဲ့ အချိုမှုန့်ဆောင်းပါး ပြန်ဖတ်ချင်လို့ ရှာတာမတွေ့လို့ အချိန်ရတဲ့အခါ ပြန်ရှယ်ပေးစေလိုပါတယ်ခင်ဗျား။

၃။ Dashi အကြောင်းဝင်ဖတ်တာ ဖတ်လို့ မရပါဘူး ဆရာ

၎။ အမေရိကန် FDA ကတော့ ခွင့်ပြုထားတယ်နော်ဆရာ

၅။ ဆရာ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝမစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဒပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။

နောက်ဆုံးမေးတာကို ကျွန်တော်မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ရေးတာ ဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ အာဂျီနိုမိုတိုလို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame အက်စ်ပါတိမ်း ခေါ်တဲ့ အချိုအတုထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းဖြစ်တယ်။ အချိုမှုန့်ကိ…

HIV Prevention ကာကွယ်ရေး

၁။ မင်္ဂလာပါဆရာ့ ကျနော်အဲ့ညပြီး နောက်နေ့ညနေမှာပဲ ကူးဆက်ရောဂါကာကွယ်ရေး ဝေဘာဂီကိုသွားပြီး အကျိုးကြောင်းပြောပြပြီး မကူးဆက်နိုင်အောင်ကာကွယ်နိုင်မလားဆိုတော့ ၂၈ ရက်သောက်ရမယ့် ART လား ARV လား အဲ့ဆေးပေးလိုက်ပါတယ်ဆရာ။ အဲ့ဆေးက ဘယ်လောက်အထိကာကွယ်ပေးနိုင်ပါလဲဆရာ။ တဖတ်အမျိုးသမီးမှာ
ရောဂါရှိမရှိ မသိပါဘူး။ ကျနော်အရမ်းစိုးရိမ်မိနေပါတယ်ဆရာ။ ၂ လုံးသောက်တာရှိတယ်။ ၅လုံးသောက်တာရှိတယ်ဆိုလို့ ကျနော် ၅ လုံးသောက်တာကိုရွေးလိုက်ပြီး သောက်နေတာ အခုဆို ၄ ရက်ရှိပါပြီ။ ကျနော်သိချင်တာကဆရာ။ အဲ့ဆေးပုံမှန် အချိန်မှန် ၂၈ ရက်သောက်ပြီးလို့ ၃လ ၁ကြိမ်သွေးစစ် ၆လ ၁ကြိမ်သွေးစစ် အဲ့ချိန်မှ HIV မရှိဘူးဆို လုံးဝ စိတ်ချလက်ချ နေနိုင်ပြီလားဆရာ။ နောက်မှရောဂါပေါ်လာတာတွေရှိလား။

ကူးဆက် မဟုတ်။ ကူးစက်လို့ရေးရ။

၂။ ဆရာ ကျွန်တော်က HIV လူနာတွေကို ကြည့်ပေးနေရတဲ့ ဆရာဝန်တယောက်ပါခင်ဗျ။ ဆရာရေးထားတာတခုမှာ PMTCT အတွက် အဲဒီမှာ အမေကို AZT combination ပေးတယ် ကလေးကိုလဲ မွေးပြီး တလခွဲအထိ zidivudine ပေးတယ်လို့ ဖတ်လိုက်ရလို့ပါ။ National guidelines တွေက တခုနဲ့တခု နဲနဲစီကွာလို့ပါ။ ကျွန်တော်တို့သုံးနေတဲ့ WHO Guideline နဲ့ မတူလို့ပါ။ ကျွန်တော်တို့သုံးနေတာကတော…