Not Slang ဘန်းစကား မဟုတ်ပါ

Ko Maung ဒေါက်တာက တစ် ဆိုတာကိုတော်တော်မျက်မုန်းကျိုးနေပုံရတယ်။ ဘာသာစကားဆိုတာကလဲ သင်္ခါရပေါ့၊ ကာလကြာတာနဲ့ ပြောင်းလဲတတ်တဲ့သဘာဝလဲရှိပါတယ်။ အသုံးတွင် ရင်ဆက်သုံးကြမယ်။ မတွင်ရင်ပျောက်ကွယ်သွားမှာပါ။ မိုက်တယ်တို့၊ အရမ်းတို့ဆိုရင် မူလအဓိပ္ပါယ်တောင်ပျောက်နေပြီ မဟုတ်လား။

အဲလောက်ကတော့ ငယ်ငယ်ကတည်းက သိပါတယ်။ အခုဖြစ်နေတာက ခေတ်အရ ပိုပြီး လွယ်ကူတာ၊ ရှင်းလင်းတာကို ပြောင်းစေခိုင်းထားတာ မဟုတ်ပါ။ မှားနေလို့ ပြောင်းစေတာလည်း မဟုတ်ပါ။

ဘန်းစကားနဲ့ ရိုးရိုးစကားလည်း သိသိသာသာခြားနားပါတယ်။

ဒါ့အပြင် မူလ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ရေးထားခဲ့တာတွေကို နောက်သတ်ပုံနဲ့ ပြင်ရေး၊ ပြင်ရိုက်ပြီး ပိုက်ဆံရှာနေကြသေးတယ်။ မလုပ်အပ်ပါ၊ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး