မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, December 22, 2016

Nurse-Patient ဆရာမ-လူနာ ဆက်ဆံရေး

ဆရာဝန်-လူနာ ဆက်ဆံရေး စာသုံးပုဒ်ရေးဖြစ်တယ်။ ဒီတခါ သူနာပြု။

ကိုယ့်ကိုယ်ကို သမီး လို့ပြောလေ့ရှိကြတာ သူ့နေရာနဲ့သူဆိုရင်တော့ ချစ်စရာကောင်းပါတယ်။ ကျမ (ကျွန်မ) ဆိုတာ မကြားရသလောက် ဖြစ်လာတယ်။ မန္တလေးသူတွေက ကျွန်တော်လို့ သုံးတယ်။ ဆရာ့နှမတွေလဲ မုံရွာသူပေမဲ့ ခုထိ ကျွန်တော် လို့ပဲ သုံးကြတယ်။ သမီး (ကျွန်တော့်သမီး အစစ်) ကလည်း ကျွန်တော်လို့ပြောပါတယ်။

နာမ်စားကို သူ့နေရာနဲ့သူသာ မဟုတ်ပါ။ သူ့အရွယ်နဲ့သူ သုံးမှလဲ သင့်တယ်။ နေရာရွေးမမှန်ရင် ရီစရာဖြစ်သွားနိုင်တယ်။
ဒေလီမှာတုန်းက ဆေးခန်းကို အသက် ၄ဝ-၅ဝ အမျိုးသမီးတယောက်ကနေ ဆေးခန်းဆရာမကိုပြောနေတယ်။ သမီ့း့ ဘာဖြစ်တယ်ပေါ့။ သူ့ကိုသူ သမီးလို့ပြောတာ အကျင့်ပါနေပုံရတယ်။ ဆရာမ အသက်က ၂ဝ လောက်သာရှိတယ်။
လူနာထွက်သွားမှ ဆရာကနေ ဟာ ဆရာမမှာ သမီးရှိတာ အခုမှသိတယ်လို့ပြောလိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၃

No comments:

Post a Comment

Note: Only a member of this blog may post a comment.