Nurse uniform သူနာပြုဝတ်စုံသစ်

မြန်မာပြည်မှာ သူနာပြုဝတ်စုံသစ်ပြောင်းတော့မယ်ဆိုတဲ့သတင်း အခုပဲဖတ်ရပါတယ်။ ဘောင်းဘီဝတ်စုံပြောင်းမယ်၊ ရာထူးနဲ့ အဆင့်အတန်းကို ခေါင်းဆောင်း၊ အိတ်ကပ်နဲ့ လက်အနားကွပ်နဲ့ ခွဲခြားမယ်။ စိတ်ဝင်စားစရာကောင်းပြီး၊ ထောက်ခံသင့်တယ်လို့ ထင်ပါတယ်။

သူနာပြုဝတ်စုံမှာ သမိုင်းရှိတယ်။ Hygiene သန့်ရှင်းရေးနဲ့ Identification ဘယ်သူဘယ်ဝါဆိုတာကိုဖေါ်ပြချက်အနေနဲ့ သူနာပြုတွေ ဝတ်စုံဝတ်ကြပါတယ်။ အစဉ်အလာသူနာပြုဝတ်စုံမှာ Dress ကိုယ်ဝတ် အထက်-အောက်၊ Cap ခေါင်းဆောင်းနဲ့ Pinafore apron အေပရွန်ခေါ် ရှေ့ကာတခုပါတယ်။ အမျိုးမျိုးကွဲပြားကြပေမဲ့ ဒီအခြေခံအင်္ဂါရပ်တွေ ပါကြတယ်။


ဟိုရှေးခေတ် သူနာပြုဝတ်စုံစပေါ်တော့ ခရစ်ယန်သီလရှင်တွေ ဝတ်စားတာကို အတုယူခဲ့တာပါ။ ၁၉ ရာစုမတိုင်ခင်အထိ လူနာတွေ၊ ဒဏ်ရာရသူတွေကို သီလရှင်တွေကပဲ ပြုစုခဲ့ကြပါတယ်။ သူနာပြု Sister စစ်စတာဆိုတာလည်း အဲဒီကနေလာတယ်။ Florence Nightingale (ဖလောရင့်စ် နိုက်တင်ဂေးလ်) ဟာ သမိုင်းတွင် သူနာပြုသီလရှင် ဖြစ်ပါတယ်။ သူ့တပည့်သူနာပြုကျောင်းသူ Miss van Rensselaer (ဗန် ရင်နက်ဆယ်လာ) ကပဲ သူနာပြုဝတ်စုံဒီဇိုင်း ဆွဲခဲ့ပါတယ်။

အရင်က အပြာခံကိုအသုံးများခဲ့တယ်။ ဆေးရုံတိုင်းမှာ ကြိုက်သလို အရောင် ဒီဇိုင်းရွေးခြယ်နိုင်ကြပါတယ်။ ဗြိတိန်မှာတော့ ၁၉၄၈ ခုနှစ်မှာ NHS အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကနေ သတ်မှတ်ပေးခဲ့တယ်။ ၁၉၆ဝ ကျော်လာတော့ Open necks လည်ပင်းနေရာ အဖွင့်ဒီဇိုင်းဖြစ်လာတယ်။ ၁၉၇ဝ ကျော်တော့ ချည်ထည်ခေါင်းဆောင်းအစား အဖြူရောင် တခါသုံး ခေါင်းဆောင်းဖြစ်လာတယ်။ ၁၉၈ဝ ကျော်မှာ ပလပ်စတစ်အေပရွန်ဖြစ်လာတယ်။

၁၉၉ဝ ကျော်မှာ Scrubs ခေါ်ဝတ်စုံ ခေတ်စားလာပါတယ်။ ခွဲစိတ်ခန်းဝတ်စုံလိုပါပဲ။ အထက်တခုနဲ့ အောက်တခု၊ အရောင်ဆင်တူ။ ယူအက်စ်အေကစပြီး ဥရောပမှာလည်းလိုက်သုံးလာကြတယ်။ တချို့သူနာပြုကျောင်းတွေမှာ ကျောင်းသူတွေက Nursing pin သုံးရတယ်။ နောက်မှာ အေပရွန်အစား Cobbler style apron ပြောင်းလာတယ်။ မီးဖိုသုံး အေပရွန်နဲ့ ဆင်တယ်။ ယောက်ျားသူနာပြုတွေမှာလည်း သီးခြားဒီဇိုင်းတွေ အဆင့်ဆင့်ပြောင်းလာတယ်။ အဖြူရောင်က စသုံးခဲ့တယ်။ သင်တန်းနှစ်အလိုက် အရောင်မတူတာဝတ်စေတယ်။

အခုခေတ်မှာ အများသုံးဖြစ်လာတဲ့ Scrubs မှာ V-neck ဗွီလည်ပင်းသုံးတာများပြီး တချို့က ကော်လာပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးလုပ်တဲ့သူနဲ့တူတယ်၊ ခွဲစိတ်ဆရာဝန်နဲ့တူတယ် စသဖြင့်ဝေဖန်ကြတယ်။ ကမ္ဘာမှာ အများစုက အဖြူဆင်ကို ဝတ်ဆင်ကြပါတယ်။ ခေါင်းဆောင်းသုံးတာလည်း များပါတယ်။

Ei Zun Naing ဒီသုံးစုံလုံး အသုံးပြုမှာပါ။ Working dress 1 နဲ့ 2 ကို သူ့ရက်နဲ့သူ ဝတ်ရမှာလို့ကြားသိကြောင်းပါရှင်။ အဖြူရောင် ဝတ်စုံသည် နေ့တိုင်းမဝတ်ရပါ။ သူရက်နဲ့သူဝတ်ရမှာပါ။ အရင်ဝတ်စုံက လဲအခိးအနားတွေမှာ ဝတ်ရမှာပါ။ အရင်ဝတ်စုံလဲ ပျောက်မသွားပါ။ ဒီဇိုင်းမတူ နောက်နှစ်စုံ တိုးလာခြင်းသာ ဖြစ်ပါကြောင်း ပြောပါစေရှင့်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး