Oh, People အို ပြည်သူတွေ

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုအပ်ပါတယ်။

မြတ်လေးရဲ့လက်ရာ ပန်းတိုင်းပွင့်ပါစေသီချင်းပါ။ ခေတ်ဟောင်းကနေ ခေတ်သစ်ကို ဦးတည်ပြီး စပ်ဆိုခဲ့တာဖြစ်ပါတယ်။ ငယ်ကတည်းကကြားနေရတဲ့ သီချင်းကောင်းတပုဒ် ဖြစ်ပါတယ်။

တူကိုင်သောလက်နဲ့ တံစဉ်ကိုင်သောလက်တွေလို့ ဖွဲ့နွဲ့ထားတယ်။ တို့စိုက်သောပန်းတွေ တို့တတွေပန်ဆင်ဘို့ပဲလေ့

မြတ်လေးဟာ လက်ဝဲအယူအဆသမားလို့သတ်မှတ်ကြတာ ဖတ်ဖူးပါတယ်။ အဲဒီခေတ်မှာ ဆိုရှယ်လစ်စနစ်သွားမယ်လို့ ကြော်ညာခဲ့ပါတယ်။

အနုပညာသမားတွေကနေ ခေတ်ကို မျှော်ကိုးကြ ဖေါ်ကျူးကြပါတယ်။ သူ့ခေတ်နဲ့သူပေါ့။ သူတို့တာဝန်ကျေကြတယ်။

အို ပြည်သူတွေ အို ပြည်သူတွေ မညှိုးနွမ်းရဘူးလေ့
တို့စိုက်သောပန်းတွေ တို့တတွေပန်ဆင်ဘို့ပဲလေ့

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၅
ပန်းတိုင်းပွင့်ပါစေ - ဂီတကောင်စီဝင်များ https://my.pcloud.com/publink/show?code=XZ7eQVZgdp5JcRhfmJBqlBS3F94TSnEtfPy

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး