One year တနှစ်တွက်ဆောင်ပုဒ်

(၂ နှစ်က ရွေးကောက်ပွဲ မတိုင်မီရေးခဲ့တဲ့စာ)

• ငွေအားနဲ့ အနိုင်ယူအုံးမယ်၊
• ကျည်အားနဲ့ အနိုင်ယူအုံးမယ်၊
• စားနေကြကြောင်ပါးလို အနိုင်ယူအုံးမယ်။

• ငါးကြော်မစား ဆီဆားဆမ်းစားတဲ့အား၊
• အသားစိမ်းမစား ပုဆိုးစိမ်းနဲ့အား၊
• ငါးပါးအစုံ သီလလုံတဲ့အား။

• ငတ်တဲ့ အရသာ၊
• မမြင်သာတဲ့ အလင်း၊
• အကျဉ်းကျနေတဲ့ လွတ်လပ်ခြင်း၊
• စိတ်တင်းထားရတဲ့ ခဏများ၊
• ခါးမသန်ပေမဲ့ မာန်မလျှော့တဲ့ ကာလများ၊
• စကားလုံးအားတွေနဲ့သာနေခဲ့ရတဲ့ ဘဝများ။

• မတရားဘယ်သူဖက်ဖက် ကိုယ်မပျက်စေနဲ့၊
• ရာဇမာန်ဘယ်သူတက်တက် ကိုယ်မခက်စေနဲ့။

• သူအကျ ကိုယ်အတက်၊ တက်စုံနဲ့ရွက်ကုန်ဖွင့်ဆက်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး