Pinguecula မျက်သားတမျိုး

ဆရာရှင့် ကျမအသက် ၂၉နှစ်။ ကျမမျက်စိ အဖြူအိမ်မှာ တိမ်လိုလို အသားပိုလိုလို အဖြူစလေးတခုဖြစ်နေတာ ၃-၄ ရက်လောက် ရှိပါပြီ။ ခုနေသလိုခံစားရပါတယ်။ ဖြစ်စက သူငယ်ချင်းတယောက်ပေးတဲ့ မျက်စဉ်းဆေးကို တစက်ထည့်မိပါတယ်။ အရမ်းစပ်လွန်းတဲ့အတွက် ထပ်မထည့်ရဲတော့ပါဖူး။ မနက် အိပ်ယာထရင် အဲ့ဒီဖြစ်တဲ့ဖက်က မျက်ဝတ်အနည်းငယ် ရှိပါတယ်။ ကျမလုပ်တဲ့အလုပ်က မျက်စိအာရုံစိုက်ပြီးလုပ်ရတဲ့အလုပ်ပါ။ Tablet screen သုံးပြီး စစ်ဆေးပေးရတဲ့အလုပ်ပါ။ နေ့ရက်တိုင်းတော့ မစစ်ရပါဖူး။ မကြာခဏပါ။ မျက်မှန်မတပ်ဖူးပါဘူး။ ကျမဖြစ်နေတဲ့ အခြေအနေကို ပုံရိုက်ပြီး ထည့်ပေးလိုက်ပါတယ်ရှင့်။ ကျမ မျက်စိအခြေအနေ စိုးရိမ်ရပါသလား ဆရာ။ ဆရာကျန်းမာချမ်းသာပါစေ။

မျက်စိမှာ အဖြူနေရာမှာဖြစ်တာ စိုးရိမ်စရာ မရှိတာများတယ်။ ပုံကို သေချာတော့ ကြည့်မရပါ။ မျက်သားလား စဉ်းစားရတယ်။ မျက်သားဆိုတာ မျက်စိအစွန်းတဖက်ကနေ မျက်စိအနက်ဝိုင်းဆီကို ဦးတည်းလာတယ်။ တရိဂံပုံလို ဖြစ်တယ်။ အနက်ဝိုင်းဖက်က အချွန်။ အဲတာ ဟုတ် မဟုတ် ကြည့်ပါ။

မျက်သားတော့ မဟုတ်ဖူးဆရာ။ ကျမ တက်သလောက် google မှာရှာကြည့်တော့ pinguecula ဆိုတဲ့ ပုံလေးတွေ တွေ့တယ်။ အဲ့လိုမျိုး အနေအထားလေး ကျမဖြစ်နေတယ်လို့ထင် တယ်။ အဲ့ဒါ ဘာကိုဆိုလိုတာလည်း မသိဖူး။ ကျေးဇူးပြုပြီး အဲ့ဒါနဲ့ပတ်သတ်တဲ့အကြောင်းလေး သိချင်ပါတယ်ရှင့်။

Pinguecula ဆိုတာက ခပ်ဝါဝါ၊ မျက်စိအနက်ဝိုင်း စက်ဝန်းမျဉ်းဘေး အဖြူလွှာပေါ်မှာဖြစ်တယ်။ ခံစားရတာ မရှိသလောက်ပါ။ နေရောင်တိုက်ရိုက်ရတာကနေ ဖြစ်စေတယ်။ (ကိုလာဂျင် ဖိုက်ဘာ) တွေစုဝေးနေတယ်။ Pterygium မျက်သားက တရိဂံပုံရှိတယ်။ ဒီဟာက (ဖိုက်ဘရိုးဆစ်) ခေါ်တယ်။

အသက်မငယ်သူတွေမှာ အဖြစ်များတယ်။ နည်းနည်းကြီးလာနိုင်တယ်။ စိုးရိမ်စရာ မရှိပါ။ ဆေးမလိုပါ။ အနေရခက်ရင် မျက်ရည်တုမျက်စဉ်းခပ်နိုင်တယ်။ လိုသေးရင် ကော်တီဇုန်းပါမျက်စဉ်း ရက်တိုခပ်နိုင်တယ်။ အဆင်မသင့်လို့ ပိုးဝင်တာရှိရင် ပိုးသေဆေးပါမျက်စဉ်းခပ်နိုင်တယ်။ အမြင်လှစေချင်တာဆိုရင်တော့ ခွဲထုတ်နိုင်တယ်။

Pterygium မျက်သားတက်ခြင်း http://doctortintswe.blogspot.com/2015/06/pterygium.html

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး