မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, December 21, 2016

Pregnancy fluid reverses ageing bones

ရေမြွာရည်ကို အရိုးအားနည်းရောဂါအတွက်အသုံးပြုနိုင်

ကိုယ်ဝန်မှာဖြစ်လာတဲ့ ရေမြွာရည်ဆဲလ်တွေဟာ လူတွေအသက်ရလို့ အားနည်းလာတဲ့အရိုးရောဂါအတွက် အသုံးပြုနိုင်တယ်လို့ ယူကေနိုင်ငံဆရာဝန်တွေကတွေ့ရှိလာပါတယ်။ ဒီတွေ့ရှိချက်ကနေ သန္ဓေသားဘဝမှာဖြစ်တဲ့ Osteogenesis imperfecta အရိုးရောဂါနဲ့ အာကာသယာဉ်မှူးတွေမှာဖြစ်တတ်တာကိုပါ ကုသပေးဘို့ အလားအလာ ရှိစေပါတယ်။ ကြွက်လေးတွေကို စမ်းသပ်တော့ ၈ဝ% ပိုကောင်းစေတာတွေ့ရှိရပါတယ်။

နောက် ၂ နှစ်နေရင် လူတွေကို စမ်းသပ်ပါတော့မယ်။ Amniotic stem cells ရေမြွာရည် စတမ်ဆဲလ်တွေကို ထုတ်ယူသုံးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.